လူစည်ကားတဲ့ဈေးတန်းလေးထဲမှာ ကလေးတစ်ယောက်
လို မြင်တွေ့သမျှအရာရာကို အထူးအဆန်းသဖွယ်လိုက်လံကြည့်ရှုနေရင်း တစ်ခါတစ်ခါ မိမိလက်မောင်းကို လှုပ်ကိုင်ကာ' Xing ဟိုမှာ ကြည့် . . . ဟာ ဟိုမှာ ဘာလဲ . . . Xing ဒါကိုစားကြည့် . . . Xing . . . Xing . . . . '
မြူးထူးပျော်ပါးနေတဲ့ မင်းကြီးကို ကြည့်ရင်း yixing
ဟိုးအရင်ကအချိန်တွေကို ပြန်တွေးမိသွားပြီး လက်ရှိ
အချိန်တွေကိုတောင် ရပ်တန့် ထားချင်မိသည် အထိ။'ဖယ်ကြ ! '
အချိုမုန့်ရောင်းတဲ့ဆိုင်ရှေ့ကမခွာနိုင်ပဲ မုန့်တွေတစ်ခုပြီး
တစ်ခုယူကာ မြည့းစမ်းရင်း ပျော်ရွှင်နေသော မင်းကြီး
ကိုကြည့်ကာ ကျေနပ်စွာပြုံးလိုက်မိသည်။ ထိုအချိန်မှာ
ပဲ စည်ကားနေတဲ့ ဈေးတန်းကလေးထဲကို မြင်းများနှင့် ဒုန်းစိုင်းဝင်ရောက်လာသော ဝတ်စုံအနက်တွေနဲ့  လူတစ်ချို့
Yixing လက်ထဲက ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထား
လိုက်သည်။ မင်းကြီးကိုကာကွယ်ရမည် မဟုတ်ပါလား..
အနက်ရောင်လူအုပ်ရဲ့ အရှေ့ဆုံးက ခေါင်းဆောင်းဖြစ်ဟန်တူသူက သူ့ခေါင်းပေါ်မှာ ခပ်ငိုက်ငိုက်ဆောင်းထားသော ခမောက်ကို ဓားရိုးဖြင့် ပင့်တင်လိုက်တော့ချွှင် !!
' ဦး ... ဦးရီတော် .´
Yixing လက်ထဲက ဓား မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရ
သည်။ စိုးရိမ်တကြီး မင်းကြီးကို လှည့်ကြည့်လိုက်တော့
မျက်နှာ တစ်ခုလုံးသွေးမရှိသလို ဖြူရော်နေသောကြောင့်
ခေါင်းငိုက်စိုက်ချကာ ဦးရီတော်ရဲ့ ရှေ့မှာဒူးထောက် ခစားလိုက်ပြီး' ကျွန်တော် မျိုးအပြစ်ပါ .... ကျွန်တော်မျိုးကိုပဲ အပြစ်ပေးတော်မူပါ .... ဦးရီတော် ..´
Jongin လက်ထဲမှာ မုန့် များက မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည် ။ ခြေထောက်များက ယိုင်နဲ့ ပြုလာပြီ . . .
ဦးရီးတော် ကိုယ်တိုင်လိုက်ရှာလိမ့်မည်ကို လုံးဝ မထင်မိ . . . ဦးရီတော်ရဲ့ စိတ်နဲ့ဆို မကောင်းတာ ... ဆိုးရွားတာ .... အဲ့ဒီထက်ပိုတာ တစ်ခုခု ဖြစ်လာတော့မှာမို့ ...
Jongin ခြေထောက်များ ခွေလဲမကျသွားအောင် ဘေးကခုံတစ်ခုကို ကိုင်ကာအားပြုရပ်နေရသည်။
YOU ARE READING
မင်းလေးပါး
Fanfictionအငြှိုးအတေးတစ်ခုကြောင့် ချစ်သူနှလုံးသားကို ပစ်မှတ်တည် မိမိ နှလုံးသားကို လောင်စာ အဖြစ်သုံး နှလုံးသွေးချင်းပေါင်းစပ်ကာ ရေးသားဖြစ်ခဲ့တဲ့ မှတ်တမ်းတစ်ပုဒ်ကို ရင်နင့်စွာဖြင့် အစချီ ရသော် ----------- @K