>>>>>> 13

1.4K 122 3
                                    

အိပ်ရာထက်မှာ ငြိမ်သက်စွာလှဲလှောင်းနေတဲ့ မင်းကြီးကို ကြည့်ရင်း yixing စိတ်မသက်မသာဖြစ်ရသည် ။ နိုင်ငံရဲ့ရှင်ဘုရင်ဖြစ်သော်လည်း ဦးရီးတော်၏ချုပ်ကိုင်ချယ်လှယ်မှုအောက်မှ ရုန်းထွက်မရဖြစ်နေသည့် မင်းကြီးသည်
အတောင်အလက်တွေ စုံနေပါလျက်နဲ့ ပျံသန်းခွင့်မရ
နိုင်သော ငှက်တစ်ကောင်နှင့် တူလှသည် ။

တိတ်ဆိတ်ငြိမ်သက်နေသော ည အမှောင်ထုဖုံးလွှမ်းနေသည့်နန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်နေသောကြောင့် မနီးမဝေးမှာ ထိုင်နေသောမင်းကြီး၏ သက်ပြင်းချသံကို အတိုင်းသားကြားနေရသည် ။

' မွန်းကြပ်တယ် Xing ... ဒီအိပ်ရာ ဒီနန်းဆောင် ဒီနန်းတော်က ကိုယ်တော့်အတွက် မွန်းကြပ်တယ် ။ ကိုယ်တော့်ကို ဒီနေရာကနေ ခဏလောက်ထွက်ခွင့်ပေးရင် ကောင်းမယ် ။ '

မင်းကြီး၏ လေညှင်းကဲ့သို့ အားလျော့နေတဲ့အသံက အ
မိန့်ပေးခြင်း မဟုတ်တဲ့  တောင်းဆိုသယောင်

ပါးပြင်ထက်မှာ မျက်ရည်တွေလိမ့်ဆင်းနေသည်ကို yixing တွေ့ လိုက်ရသည် ။ မင်းကြီးရဲ့ စိတ်ပင်ပန်းမှု တွေအတွက် သူ မကူညီပေးနိုင်တော့ဘူးလား ။ မဖြေဖျောက်ပေးနိုင်တော့ဘူးလား ။ ကိုယ်ရံတော်တစ်ယောက်အဖြစ် မင်းကြီးအပါးမှာခစားနေရသော်လဲ  မိမိ၏မင်းကြီးကိုအကာအကွယ်မပေးနိုင်သော လူပိုတစ်ယောက်လို
ဖြစ်နေရသည့်အတွက် မိမိကိုယ် မိမိသာ တိတ်တဆိတ်
အပြစ်တင်မိသည် ။ သန်းခေါင်ယံက်ု ကျော်လွန်၍
မိုးသောက်ချိန်ရောက်သည်အထိ ပိုးသားအိပ်ယာပေါ်
မှ မင်းကြီးသည်လဲ အတွေးများစွာဖြင့် ပြန့်လွှင့်ငေးမော
နေဆဲဖစ်သလို Xing သည်လဧ အခန်းထောင့်မှာ တိတ်
ဆိတ်ငြိမ်သက်စွာ ရပ်နေမိသည်။

' yixing '

' အမိန့် ရှိပါ အရှင် '

' ကိုယ်တော်တို့ စစတွေ့ ချင်းအချိန်ကိုမှတ်မိလား . . ."

" မှတ်မိပါတယ်....မင်းကြီး.... "

" အဲ့ဒီနေ့ က ကိုယ်တော့်အတွက် အလွတ်လပ်ဆုံးနဲ့ အေ
ပျော်ဆုံးနေ့ ဘဲ ။ ဟော့ဒီ နန်းတော်ကြီးရဲ့အပြင်ကို ပထမဆုံးအကြိမ် ခိုးထွက်ခဲ့ဖူးတာပဲ။ ပထမဆုံးအကြိမ် လွတ်လပ်တဲ့လေကိုရှူခဲ့ဖူးတာ။ပထမဆုံးအကြိမ် လွတ်လပ်မှု
ကို ခံစားခဲ့ဖူးတာ.။ပထမဆုံးအကြိမ်ပဲ Xing နဲ့ သူငယ်
ချင်း ဖြစ်ခဲ့ဖူးတာ ။ အဲ့ဒီလို လွတ်လပ်မှုမျိုးကို အချိန်
အကြာကြီး တောင့်တခဲ့ရတာ.... "

မင်းလေးပါးWhere stories live. Discover now