လူများရူပ်ထွေးနေသော ဈေးတန်းကို သဘောကျနေလျက်ရှိသော kai ကို xing အထူးအဆန်းသဖွယ်ကြည့်နေမိသည် ။ ပါးစပ်ကလေးဟကာ ကြောင်တောင်တောင်လေး လိုက်ကြည့်နေသာ ကောင်လေးက မိမိ ထက် ငယ်မည့်ပုံပေါ်ကာ ကြည်လင်သန့်ပြန့်နေသော
ရုပ်သွင်လေးနဲ့ တန်ဖိုးကြီးပိုးထည်တို့ကိုဝတ်ဆင်ထားတာကြောင့်
အဆင့်အတန်းမြင့်အထက်တန်းစားမိသားစု မှဆင်းသက်လာသည်မှန်းကြည့်ရုံဖြင့်ပင်သိနိုင်ပေသည်။' Kai ဒီလိုနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးတာလား '
' ဟုတ်တယ် ။ ငါ့အတွက် ပထမဆုံးအကြိမ်ဘဲ '
မြူးထူးစွာပြောနေတဲ့ Kai ကို လူထူးလူဆန်းဟုတွေးလိုက်မိသည်။အထက်တန်းစား မိသားစုမှ ဆင်းသက်လာဟန်ရှိသော်လည်း အဆင့်တန်းခွဲခြားလိုစိတ်ရှိပုံမရပဲ ခင်မင်နှစ်လိုဖွယ်ကောင်းကာ ဖော်ရွေသောအပြုံးတစ်ခုနဲ့ ကလေးတစ်ယောက်လိုပင် မြင်သမျှ အထူးအဆန်းကဲ့သို့ တမေ့တမော ငေးမောကြည့်ရှုနေကာ ဘေးမှာ လူတစ်ယောက်လုံးပါလာတာကိုပင် သတိရဟန်မတူ ။
' ကဲ Kai ရေ ဒီနေ့ မင်းကိုနေရာစုံအောင် လိုက်ပြမယ်ကွာ '
' မင်းက ဒီမှာ နေတာကြာပြီလား '
Kai အမေးကြောင့် Xing က ခပ်ပြုံးပြုံး ဖြစ်သွားကာ ယောင်နနဖြင့် ခေါင်းကုန်လိုက်ပြီး ခေါင်းကို ခါပြလိုက်ကာ
' အမှန်တိုင်းပြောရရင် ငါ ဒီနေ့ မှ ဒီမြို့ ကိုရောက်တာ ´
'ဟမ် ´
'ဟီး.....´
နားမလည်စွာ လှမ်းကြည့်လာသောKai ကို ဟီး ကနဲရယ်ပြလိုက်မိသည်။ Kai က Xing ကို လှမ်းကြည့်ပြီး
' မြို့တော်ကမဟုတ်ဘူးဆိုတော့....မင်းကဘယ်ကလဲ......ပြီးတော့ ဒီကို ဘာကိစ္စနဲ့လာတာလဲ.... အဖော်တွေရော ပါလာလား....´
' ဟားဟားဟား......ဖြည်းဖြည်းမေးပါကွာ.........ငါက နယ်စပ်က မြို့တစ်ခုကပါ........ကိစ္စကတော့ မြို့တော်မှာ ပျော်စရာတွေများတယ်ကြားဖူးလို့......ကိုယ်တိုင်ကြုံဖူးချင်လို့.......အဖော်ကတော့ တစ်ယောက်ပါတယ်......အခုတော့ သူနဲ့ကွဲနေတယ်.....မနက်က မြို့ထဲလျှောက်ကြည့်ချင်လို့ သူမသိအောင်ထွက်လာတာလေ....´
YOU ARE READING
မင်းလေးပါး
Fanfictionအငြှိုးအတေးတစ်ခုကြောင့် ချစ်သူနှလုံးသားကို ပစ်မှတ်တည် မိမိ နှလုံးသားကို လောင်စာ အဖြစ်သုံး နှလုံးသွေးချင်းပေါင်းစပ်ကာ ရေးသားဖြစ်ခဲ့တဲ့ မှတ်တမ်းတစ်ပုဒ်ကို ရင်နင့်စွာဖြင့် အစချီ ရသော် ----------- @K