နန်းတွင်းညီလာခံခန်းမထဲဝယ်အမတ်ကြီးများစုဝေးရောက်
ရှိနေကြသည်။အကြောင်းမှာ ၀မ် နဲ့ဂျိုဆွန်း နှစ်နိုင်ငံကြားက
နယ်စပ်မြို့လေးကို လွှတ်လိုက်သော မင်းကြီး၏ ညီတော်
Chanyeol မင်းသားနှင့် သူ၏အစေခံမှာ သတင်းအစအနပင်ရှာ မရအောင်ပျောက်သွားသောကြောင့်ဖြစ်သည်။ထိုသတင်းက မင်းကြီးကို အကြီးအကျယ်ဒုက္ခပေး
နေတော့သည်။ပြည်သူတွေရဲ့အမြင်မှာ မင်းသား Chanyeol ဟာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ကာ
အန္တရာယ်များသော နေရာကို သွားရောက်တာဝန်ထမ်း
ဆောင်ပေမယ့် မင်းကြီးကတော့ နန်းတော်ထဲမှသာ အမိန့်ပေးစေခိုင်းနေပြီး ညီတော်ဖြစ်သူကို မလိုမုန်းထားကာ အန္တရာယ် တောထဲကိုစေလွှတ်သူဟု ယုံမှားသံသယများစွာ
ရှိလာသလို ယခင်မင်းကြီးရဲ့သစ္စာတော်ခံတွေကလဲမင်းကြီး
ကိုအပြစ်တင်ဝေဖန်မှုတွေရှိလာခဲ့သည်။ထို့ကြောင့်ပင်
မင်းကြီးမှာ နန်းတွင်းညီလာခံကို အလျင်စလိုကျင်းပလိုက်
ရခြင်းပင်ဖြစ်သည်။' မင်းကြီး ကြွချီလာပါပြီ ´
အထိန်းတော်ချုပ်ကြီးရဲ့ အော်သံအဆုံးမှာ အမတ်ကြီးတွေအားလုံးဦးညွှတ်ငြိမ်သက်ကာရပ်နေကြတော့သည်။မင်းကြီး
က နဂါးပလ္လင်ပေါ်မှာ ၀င်ထိုင်လိုက်ရင်း ညာဘက်အခြမ်း
မှာ လွတ်နေသောနေရာတစ်ခု ကိုသတိပြုမိသွားကာ' အတွင်းဝန်ကြီး ဘယ်ရောက်သွားတာလဲ ´
မင်းကြီးအမေးကြောင့် အမတ်ကြီးတွေ နေရခက်စွာဖြင့်
ချောင်းဟန့်ရင်း စကားစရှာနေစဉ်မှာပင် ဘယ်ဘက်အခြမ်း
မှာ လွတ်နေသော နေရာအချို့ကိုပါ မြင်တွေ့လိုက်ရသည်မို့
သွေးတက်သွားမိသည်။' အတွင်းဝန် အမတ်ကြီးက.... အအေးမိပြီးဖျားနာနေတာ
ကြောင့် ဒီနေ့ညီလာခံကို မတက်ရောက်နိုင်ကြောင်း သတင်းစကားပါးလိုက်ပါတယ် မင်းကြီး....´ဒုန်း !!!!
လက်ထောက်အတွင်းဝန်မင်းရဲ့ လျှောက်တင်သံအဆုံးမှာ
မင်းကြီးက စားပွဲကို ဒေါသတကြီးထုလိုက်ရင်း
YOU ARE READING
မင်းလေးပါး
Fanfictionအငြှိုးအတေးတစ်ခုကြောင့် ချစ်သူနှလုံးသားကို ပစ်မှတ်တည် မိမိ နှလုံးသားကို လောင်စာ အဖြစ်သုံး နှလုံးသွေးချင်းပေါင်းစပ်ကာ ရေးသားဖြစ်ခဲ့တဲ့ မှတ်တမ်းတစ်ပုဒ်ကို ရင်နင့်စွာဖြင့် အစချီ ရသော် ----------- @K