>>>>>>> 15

1.4K 108 22
                                    


' သက်တော်ရာကျော်ရှည်ပါစေ မင်းကြီး '

မွေး​နေ့မှာ အပြုံးချိုချိုနဲ့အတူ  ပထမဆုံး သတိတရ ဆု​တောင်း​​ပေးလာတဲ့ Xing ​ကြောင့်​ မင်းကြီး
မျက်​ရည်​ပင်​ စို့သွားမိသည်

တစ်​ဆက်​တည်း မှာပဲ အနားမှာ ရှိမ​နေ​ပေးနိုင်
တော့တဲ့ ခမည်း​တော်​ကိုလဲ သတိရလိုက်​မိသည်
မွေး​နေ့​ရောက်​တိုင်း အနယ်​နယ်​ အရပ်​ရပ်​က
အ​ကောင်းဆုံးပစ္စည်း​တွေ ရှားပါးအဖိုးတန်​ဆုံး အရာ
တွေကို ရှာ​ဖွေစု​ဆောင်းကာ လက်​​ဆောင်​​ပေးတတ်​တဲ့ ခမည်း​တော်​ဟာ မိမိ အတွက်​​တော့ တန်​ဖိုးအရှိ
ဆုံး ဖခင်​တစ်​ဦးပါ

ခမည်း​တော်​ရဲ့ သား အဖြစ်​ ​မွေးဖွားလာခဲ့ရသည်​က
လဲ JongIn ဘ၀ရဲ့ အထူးခြားဆုံးနဲ့ တန်​ဖိုးအရှိဆုံး လက်​​ဆောင်​တစ်​ခုပင်​ ဖြစ်​သည်​ကို အခုမှ သိ
လိုက်​ရသည်

' မင်းကြီး ဒီလို​နေ့ရက်​မျိုးမှာ ဘာလို့ ငို​နေရတာပါလဲ တစ်​​နေရာရာကများ နာကျင်​​နေလို့လား ´

Xing ​ပြောလာမှ သတ်​၀င်​လာပြီး ပါးပြင်​​ပေါ်ကို
ယောင်​ယမ်းကာ စမ်းလိုက်​မိ​တော့ ပူ​နွေး​နွေး မျက်
ရည်​ စီး​ကြောင်းကို စမ်းလိုက်​မိတာမို့ အံ့သြ သွား
ရပြီး မိမိ ကို စိုးရိမ်​တကြီး ကြည့်​​နေတဲ့ Xing ကို
ကြည့်​ကာ အရှက်​​ပြေပြုံးပြလိုက်​ရင်း

' ဟုတ်​ပါရဲ့ ဘာလို့ ငို​နေမိတာလဲ မသိဘူး ဟက်
ဟက်​ ´

မိမိကသာ ပြုံးရင်း​ပြောလိုက်​​ပေမယ့်​ Xing ရဲ့
အကြည့်​​တွေက စိတ်​မသက်​သာ ပုံဖြစ်​​နေတာ
ကြောင့်​ ​လေပူတစ်​ချက်​ မှုတ်​ထုတ်​လိုက်​ရင်း

' မင်းကို ညာလို့ မရဘူးပဲ ´

' မင်းကြီး ဦးရီ​တော်​ ကြွလာပါတယ်​ ´

' ၀င်​​စေ ´

ဒုန်း !

ခွင့်​ပြုသံပင်​မဆုံး​သေး တံခါးကို ခပ်​ကြမ်းကြမ်းတွန်း
ဖွင့်​ကာ အ​ဆောင်​ထဲ ၀င်​လာ​သော ဦးရီ​တော်

နီညို​ရောင်​ရင့်​ရင့်​ပိုးသားအင်္ကျီရှည်​နဲ့ လိုက်ဖက်စွာ​​ဆံပင်​​တွေကို အကုန်​လှန်​သိမ်းကာ နဖူး​ပေါ်မှာလဲ နီညို​ရောင်​ နဖူးစည်း တစ်​ခုကို ခပ်​တင်းတင်းစည်းထားတာမို့မျက်​နှာ ​ချော​ချောက ရှင်းလင်းခန့်​ညား
နေသည်

မင်းလေးပါးWhere stories live. Discover now