>>>>>>> 12

1.3K 114 9
                                    

နန်းတွင်းကို ​ရောက်​တာ အချိန်​အနည်းငယ်​သာ ရှိ​သေး​ပေ
မယ့်​ မင်းကြီးအနားမှာ အမြဲတမ်းအနီးကပ်​​ နေထိုင်​​စောင့်​​ရှောက်​ရတာ​ကြောင့်​ YiXing အ​နေနဲ့ မင်းကြီး အ​ပေါ်မှာ
ပိုင်​စိုးပိုင်းနင်း ဆန်​စွာ ပြု မူဆက်​ဆံတတ်​တဲ့ ဦးရီ​တော်​ ရဲ့
အပြုအမူ​တွေကို မကြားချင်​ မသိချင်​​သော်​လဲ မလွှဲသာ မ
ရှောင်​သာ မြင်​​နေ​တွေ့​နေရမြဲ...။

ယခင်​မင်းကြီးရဲ့​သေဆုံးမှုကိုမင်းကြီးအားပြောပြချင်​​ပေမယ့်
လက်​ရှိမင်းကြီးမှာ ဦးရီ​တော်​ ကို တုံ့ပြန်​လက်​စား​ချေနိုင်​​သော အင်​အား မရှိတာကို အတွင်းလူဖြစ်​​သော ကိုယ်​သာ
လျှင်​ အသိဆုံး မဟုတ်​ပါလား...။

မိမိရဲ့ မစဉ်းစားမဆင်​ခြင်​ စကား​ကြောင့်​ မင်းကြီး ကို မိုက်
ရူးရဲဆန်​တဲ့ စွန့်​စားမှု​တွေပြုလုပ်​ကာ အန္တရာယ်​​တောထဲ မကျ​စေလို​ပေ...။ ထို့​ကြောင့်​မင်းကြီးနားမှာအနီးကပ်​​နေရင်း
ဂရုစိုက်​သည်​ထက်​ ပိုကာ ဂရုစိုက်​​ခစား ​နေမိ​တော့သည်..။

တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​မှာ​တော့ ကိုယ့်​ထီးနန်းကို ကာကွယ်
နိုင်​​သော ဘုရင်​တစ်​ပါးအဖြစ်​ မြင်​​တွေ့နိုင်​မည်​ဟု ယုံကြည်
မိသလို...။ မင်းကြီးရဲ့ခမည်း​တော်​မတရား​သေဆုံးခဲ့ရသည့်
အမှုကိုလဲ တရားမျှတစွာ ​ဖြေရှင်းနိုင်​လိမ့်​မည်​ဟုလဲ အကြွင်း
မဲ့ ယုံကြည်​​နေမိ​တော့သည်​..။

ဒုန်း !!!

YiXing အ​တွေးလွန်​​နေစဉ်​ တံခါးကို ခပ်​ပြင်းပြင်းကန်​ဖွင့်
ကာ အခန်းထဲဝင်​လာ​သော ဦးရီ​တော်​​ကြောင့်​ ​ရေချိုး​ဆောင်
တံခါးရဲ့ ​ရှေ့မှာပိတ်​ရပ်​လိုက်​သည်​။

" မင်းကြီး ​ရေချိုး​ဆောင်​၀င်​​နေပါတယ်​ ဦးရီ​တော်​ ..... "

တံခါး​ရှေ့မှာ ရပ်​ရင်း ခပ်​တင်းတင်း​ပြောလာ​သော ကိုယ်​ရံ
တော်​ကို ခပ်​စူးစူးတစ်​ချက်​ကြည့်​ကာ လက်​ထဲက ​သေရည်
အိုးကို​မြှောက်​ပြီး ​သေရည်​​တွေကို ပါးစပ်​ထဲ​လောင်းထည့်
လိုက်​ကာ အိုးအလွတ်​ကို ကြမ်းပြင်​​ပေါ်ပစ်​ခွဲလိုက်​ရင်း...

မင်းလေးပါးWhere stories live. Discover now