>>>>>>>>7

2.2K 109 21
                                    

မနက်ဝေလီဝေလင်းအချိန်ကိုကျော်လွန်၍နေရောင်ကတောက်ပစွာထွက်ပေါ်လာသည် ။Jongin သည်လည်းတက်ကြွစွာပင် ဥယျာဉ်ထဲသို့ ရောက်နေပြီ ။ ရနံ့ သင်းပျံ့နေသောပန်းလေးတို့ အလယ်မှာ Jongin သည် နတ်သားလေးတစ်​ပါးလို လွတ်​လပ်​​ပေါ့ပါးစွာ ရှိ​နေသည်​။

မိဖုရားကြီးသည် က​လေး​လေးတစ်​​ယောက်​လို ပန်းလေးများကိုစကားပြောနေသောဖြူ စင်​အပြစ်​ကင်းလှသည့်​ အိမ်ရှေ့စံလေးကို မြတ်နိုးစွာကြည့်နေမိသည် ။ သားတော်လေး၏ရွှေမျက်နှာတော်မှာ ပွင့်ဖူးနေသော အပြုံးပန်းကလေးက မြတ်နိုးဖွယ်ကောင်းလှသည် ။ မင်းသားလေးနှင့်ပတ်သတ်သမျှ စိုးရိမ်ပူပန်မှုတွေသည် မင်းသားလေးအပြုံးကြောင့် လွင့်​​ပျောက်​သွားခဲ့ရသည်​။

Jongin သည် အထိန်းတော်များအလစ်ကိုချောင်းကာ မနေ့ ကတောင်ကုန်းလေးကိုသွားရန်ကြံရွယ်နေခြင်းပင်​ဖြစ်​သည်​။ xing ဆိုသော သူငယ်ချင်းကိုသွားတွေ့ ရန် မိမိ ချိန်းဆိုထား​သော စကား
ကို တည်အောင်လုပ်ရမည် မဟုတ်​ပါလား ။

ဂရုတစိုက်​နဲ့ပါတ်​၀န်းကျင်​ကို မျက်​​ခြေမပြတ်​ သတိထားကြည့်​​နေမိစဉ်
မိခင်​ဖြစ်​သူ မိဖုရား​ခေါင်​ကြီး ​ရောက်​လာတာ​ကြောင့်​ ရံ​ရွှေ​တော်​များအားလုံး မိဖုရားဆီ အာရုံ​ရောက်​​နေစဉ်​ ထို​နေရာမှ အမြန်​ဆုံးထွက်​ခဲ့လိုက်​​တော့သည်​။ လမ်းတစ်​​လျှောက်​လုံး အ​စောင့်​များကို ​ကွေ့ ပတ်​ပုန်း​ရှောင်​ကာ ​ဈေးလမ်းနဲ့အနီးဆုံး နံရံကို ခက်​ခက်​ခဲခဲ ​ကျောက်​ဖြတ်​လိုက်​ရသည်​။

အုတ်တံတိုင်းအပြင်ဘက်ကိုရောက်သည်နှင့် jongin​ကျေနပ်စွာ
ပြုံးမိသည် ။ ထို့ နောက် တောင်ကုန်းလေးဆီကို သွားရန်ေ​ခြလှမ်းများစတင်လိုက်သည် ။ ရူပ်ထွေးနေတဲ့ ဈေးလမ်းကို ဖြတ်ကျော်ကာ တောင်ကုန်းလေးဆီကိုတက်ကြွသောခြေလှမ်းများဖြင့် ။

နန်းတွင်းဂိတ်ပေါက်ဝတွင် ခန့် ညားသော အညိုရောင်မြင်းကြီးပေါ်ရှိ လူတစ်ယောက်သည် ဈေးလမ်းဘက်ကိုလျှောက်​သွားသော jongin ကို စူးရှသော အကြည့်များဖြင့် ကြည့်နေသည် ။

မင်းလေးပါးWhere stories live. Discover now