ဆိုင်းရပ်စ်မြို့တော်၏ နေဝင်ရီတရောအချိန်ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်ဖျော့ဖျော့ ရေးခြယ်လျက် ဆည်းဆာသည် လှပလို့နေသည်
ထိုအလှတရားနှင့်ဆန့်ကျင်စွာ မြို့ရိုးအတွင်းမှာတော့ ကမ္ဘာပျက်မတတ်အော်ဟစ်သံတို့ဖြင့် ငရဲပျက်နေသည့်အလား....
မကြာသေးခင်အချိန်က ခမ်းနားထည်ဝါခဲ့သော ရဲတိုက်ကြီးက ယခုတော့ မီးခိုးငွေ့တို့ဖြင့် အကျည်းတန်လှသည်
ကောင်းကင်မှ အန်ီရောင်သဏ္ဍာန် တစ်ခုက စူးစူးဝါးဝါးအော်မြည်လျက် ရဲတိုက် တံခါးပေါက်မှာ ရပ်တန့်လို့သွားသည်
ထို့နောက် လှပချောမောသော မိန်းမပျိုတစ်ယောက်၏ အသွင်သဏ္ဍာန်သို့ပြောင်းလဲသွားသည်
"မာဆီးရပ်စ်...လူးကပ်စ်... အရှင်......အရှင်......"
အရူးမီးဝိုင်းအော်ဟစ်နေရင်းမှ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာမိသည်
ပြန့်ကျဲနေသော အလောင်းတို့မှ ရရှိနေသည့် ညှီစို့စို့ သွေးညှီနံတို့မှတစ်ပါး ခင်ပွန်းသည်ရော သားငယ်ကိုပါ
မတွေ့ရချေနောက်ဆုံး တစ်နေရာ အရောက်မှာတော့ ပုလ္လင်ထက်မှာ ရက်ရက်စက်စက် အသတ်ခံထားရသော
ချစ်ရသူ ခင်ပွန်း.....မလှမ်းမကမ်းမှာ မီးလောင်ကျွမ်းပြီး သေဆုံးနေသော အထိန်းတော်နှင့် ရင်ခွင်ထဲက ကလေးငယ်....
သူမ နှလုံးသားတွေ ပျက်ကြွေမတတ် ခံစားရသည်
ခင်ပွန်းသည်၏ လက်တစ်ဖက်ကို ဖမ်းဆုတ်ကိုင်သည့်တစ်ခဏ နှလုံးသားကို ဆွဲညှစ်ခံရသည့် ခံစားမှုနှင့်အတူ မျက်နှာတစ်ခုက အာရုံမှာရှင်းလင်းစွာ ပေါ်လာလေသည်
ခံစားမှု ကင်းမဲ့သည့် မျက်နှာ.....
အမုန်းတရား နာကျည်းမှု ဒေါသတို့ ပေါင်းဆုံလျက်....