"တီ..တီ....တီ..တီ.....တီ..တီ...."
နာရီနှိုးစက်သံက တိုက်ခန်းကျဉ်းလေးထဲမှာ
ဆူညံစွာ ထွက်ပေါ်လာလေသည်ကျင့်သားရနေသည့် လက်က စားပွဲပေါ်ကနာရီကို
လှမ်းပိတ်ပြီးဖြစ်နေသည်အိပ်ရာပေါ်က လူးလဲထလိုက်ပြီး မျက်နှာသစ် သွားတိုက်ပြီးတာနှင့် အင်္ကျီလဲပြီး အနွေးထည်ထူထူကိုကောက်စွတ်လိုက်သည်
အခန်းအပြင်ထွက်လိုက်တာနဲ့ လန်ဒန်မြို့ရဲ့ လေအေးအေးက ဆီးကြိုနှုတ်ဆက်လေသည်
မြင်နေရသည့် မရိုးနိုင်သော မြို့အလှကို လှမ်းကြည့်ရင်း စက်ဘီးကို ဆွဲကာ ခါတိုင်းရက်တွေလို ချီကို ရဲ့ တစ်နေ့တာက စတင်လေပြီ
စက်ဘီးကို ခပ်သွက်သွက်နင်းရင်း တစ်အိမ်ပြီးတစ်အိမ် သတင်းစာလိုက်ပို့သည်
သတင်းစာပို့ပြီးတာနဲ့ ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်ဖို့ ပြေးရသည်
ညဖက်တွေဆို စတိုးဆိုင်တွေ ဘားတွေမှာ ဝင်လုပ်ရင်းနဲ့ တစ်ချို့ညတွေမှသာ ကောင်းကောင်းအိပ်စက်ရလေသည်
လန်ဒန် လိုနေရာမျိုးမှာ သူ့လိုမိဘမဲ့တစ်ကောင်ကြွက် တစ်ယောက်အတွက် အသက်ရှင်ရပ်တည်ရတာ
ခက်ခဲလွန်းလှသည်ငယ်ငယ်လေးကတည်းက ဖာသာ သောမတ်စ်ကြောင့်သာ သူ့ဘဝလေး ခုလို ရပ်တည်နိုင်ခဲ့တာ...
ကိုယ့်အားကိုယ် ကိုးနိုင်ကတည်းက အချိန်ပိုင်းအလုပ်တွေလုပ်ရင်း သူ့ဘဝသူ ကျောင်းခဲ့တာ အထက်တန်းအောင်တဲ့အချိန်ထိပဲ....
ဒီနေ့ သတင်းစာပို့တာစောပြီးသည့်အပြင် ကော်ဖီဆိုင်ဖွင့်ဖို့လည်း နည်းနည်းလိုသေးတာမို့ စက်ဘီးကို
ိုဖြည်းဖြည်းသာ နင်းနေမိသည်အမြဲတမ်းပြေးလွှားလှုပ်ရှားနေရတော့ ဒီအချိန်လေးကပဲ သူ့အတွက် စိတ်အေးအေး နေလို့ရတာ...