နေရောင်သည် ပြန်လည် ပျောက်ကွယ်သွားပြီး နေရာတိုင်းမှာ ရေခဲတို့က နေရာယူလို့သွားသည်အလင်းကွယ်ပျောက်သွားသည်နှင့်အတူ မကောင်းသော အရိပ်အငွေ့တို့က ရွာကလေးကို ဖုံးလွှမ်းလို့လာသည်
ဘုရင်မ၏စစ်သည်များ....
အနက်ရောင်ချပ်ဝတ်တန်ဆာတို့ကို ဆင်မြန်းထားသော လူတစ်စု....
အညှာအတာ ကင်းမဲ့စွာ ကလေးငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်လို့သွားသည်....
အော်ဟစ်ငိုယိုသံတွေက ရွာငယ်လေးမှာ ဖုံးလွှမ်းလျက်
အရူးမီးဝိုင်းသလို သားငယ်အား မကောင်းဆိုးဝါး
စစ်သည်တော်တို့လက်မှ လုယူမိသူ အမျိုးသမီးမှာ လှံစွတ်တစ်ခုက ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်လို့ ရေခဲပြင်ပေါ် ခွေညွှတ်ကျသွားသည်"Mother!!!!!"
ကလေးငယ်ထံမှ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ
စောစောကအေးချမ်းနေခဲ့သောနေရာလေးမှာ ကမ္ဘာပျက်နေသကဲ့သို့....ဘုရင်မ၏ စစ်သည်တော်တို့သည် မိမိတို့အားဆန့်ကျင်သူ မည်သူမဆို ယောက်ျား မိန်းမ မချန်.. ကြီးငယ်မရွေး
သုတ်သင်ရှင်းလင်းလျက် .... သွေးစက်တို့က နေရာတိုင်းမှာ မြင်မကောင်း....ထိုအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်ရသူ မေရီမှာ
မြင်းပေါ်ပါသွားသော သားကြီးကိုလည်း မဆွဲရဲ.... ရင်ခွင်ထဲက ကလေးငယ်တို့ကိုသာ ကျစ်ကျစ်ပါအောင်
ပိုက်ထွေးလို့ထားသည်မကြာခင် မြင်းတို့ကို ဒုန်းစိုင်းမောင်းပြီး ထွက်ခွာသွားမှ
ကျောက်ရုပ်တစ်ခုလို ဖြစ်နေသည့် မေရီမှာ မြေပြင်ပေါ်သို့ ခွေလဲကျသွားလေတော့သည်မျက်စိရှေ့မှာ မြင်နေရပါလျက် ဝမ်းနှင့်လွယ်ထားသည့် ကိုယ့်သားသမီးကိုသော်မှ မိမိမှာ ကာကွယ်မပေးနိုင်