Chapter-14

1.6K 221 14
                                    


လွန်​ခဲ့တဲ့တစ်​ပတ်​... ​​ရှေး​ဟောင်းပစ္စည်း​​အ​ရောင်းဆိုင်​ကို ​ရောက်​ပြီး​သည့်​နောက်​ပိုင်းမှာ ချီကို စိတ်​ထဲ...ထူးဆန်း တယ်​လို့ ခံစား​နေရသည်

တစ်​စုံတစ်​​ယောက်​က ​နောက်​ကလိုက်​​နေသလို...

ဒါမှမဟုတ်​ တစ်​​နေရာရာက ကြည့်​​နေသလိုလို...

ညအိပ်​​နေရင်​လဲ လန့်​နိုးတာ ခဏခဏ....

ပတ်​ဝန်းကျင်​မှာ ကိုယ်​တစ်​​ယောက်​တည်းရှိပြီး တစ်​​ယောက်​​ယောက်​အနားမှာ ရှိ​နေတယ်​ဆိုတဲ့ခံစားချက်​က
တစ်​မျိုး​တော့​ကျောချမ်းစရာ....

ဟိုတစ်​ညက ဘားမှာ ဖြစ်​သွားသည့်​ ကိစ္စအပြီးမှာ အချိန်​ပိုင်းအလုပ်​ကို စတိုးဆိုင်​ဖက်​​ရွှေ့လိုက်​ရသည်

ဘားမှာလုပ်​တာ​လောက်​ဝင်​​ငွေ မ​ကောင်း​ပေမယ့်​ 
အေး​အေးချမ်းချမ်းအလုပ်​လုပ်​ရသည်

ခုလည်းတစ်​ဆိုင်​လုံးမှာ ချီကိုတစ်​​ယောက်​တည်း...

တကယ်​ဆို တစ်​​ယောက်​တည်း....အထီးကျန်​​တယ်ဆိုတဲ့ စကားလုံး​တွေက ချီကိုနဲ့ရင်းနှီးပြီးသား
ဆို​ပေမယ့်​ ဒီရက်​​တွေထဲမှာ​တော့ တစ်​​ယောက်​တည်း
ရှိမ​နေချင်​...

"......."

တိုက်​တိုက်​ဆိုင်​ဆိုင်​ပင်​ တံခါးတစ်​ချပ်​ပွင့်​သွားပြီး ​customerတစ်​ဦး​ ဆိုင်​ထဲရောက်​လာ​လေသည်

လောင်းကုတ်​အနက်​​ရောင်​ဝတ်​ထားတဲ့ အဲ့ဒီတစ်​​ယောက်​က ၆​ပေ​ကျော်​တဲ့ ချီကို့အရပ်​ထက်​ပင်​ ပိုမြင့်​​နေတာသတိထားမိသည်

မျက်​နှာကို​သေချာမမြင်​ရ​သေး​ပေမယ့်​ မြင်​လိုက်​ရတဲ့ ​ဘေးတစ်​​စောင်းအ​နေအထားကပင်​ ဒီလူဟာ 
ယောက်ျားပီသပြီး ဆွဲ​ဆောင်​မှုရှိတာ ​သေချာသည်

ဆိုင်​ထဲမှာတစ်​ခြားသူလည်း မရှိ​တော့ တစ်​ဦးတည်း​သော ​customerကို စိတ်​ဝင်တစား အကဲခတ်​ကြည့်​မိခြင်းပင်​....

ပြီးမှ လုပ်​စရာရှိတဲ့အလုပ်​​တွေလုပ်​​နေရင်း ကိုယ့်​အာရုံနှင့်​ကိုယ်​ရှုပ်​သွားရသည်

The Fate Of GodWhere stories live. Discover now