မဲနက်နေသည့် မြေသားပြင်ပေါ်မှာ အပူရှိန်ကြောင့် တရိပ်ရိပ် ထလျက်ရှိသည်
လေထုထဲ ပြန့်လွင့်နေသည့် ပြာမှုံငယ်တို့ကြောင့်
ကောင်းကင်သည် မီးခိုးရောင် ဖျော့ဖျော့ ယှက်သမ်းလို့..ပူလောင်မှုနှင့် ပြာမှုံတို့ကသာ သည်နေရာရဲ့ ပြယုဂ်
တစ်ခုသဖွယ်....ဒါပေမယ့် ဒီမီးတောင်ရဲ့အပူဟာ ကလယ်ရာ ရင်ထဲက အပူကိုတော့ မှီနိုင်မည်မထင်....
သူမ ချစ်မြတ်နိုးရသော ဖြောင့်မတ်တည်ကြည်လှသည့် လူသား ယောက်ျား....ပြီးတော့ နုနယ်သေးသည့် သားငယ် လူးကပ်စ်...
ရင်ထဲမှာ အမုန်းတရားတို့က တမြေ့မြေ့ တောက်လောင်လျက်.....
ခုတော့ သူမ ဘာကိုမျှ မလုပ်နိုင်သေး...
သူမအစွမ်းတွေ ပြန်ပြည့်လာမည့်နေ့ကိုစောင့်ရင်း
ရင်ထဲက အမုန်းတရား ကိုသာ မွေးမြူနေမိသည်....
...........ခပ်လှမ်းလှမ်းမှ ဂျိုးဇက်က သူ့ညီမ ကလယ်ရာ ကိုကြည့်ရင်း ကျေနပ်လို့နေသည်
နောက်ဆုံးတော့ သူတို့လောကနဲ့ လူသား ကမ္ဘာကို
အုပ်ချုပ်ချင်တဲ့ သူ့ ရည်မှန်းချက်ဟာ တဖြည်းဖြည်း နီးကပ်လာပြီငြိမ်းချမ်းရေးကိုသာ လိုလားသော ကလယ်ရာရဲ့ လူသားယောက်ျားသည်လည်း သူသတ်စရာမလိုဘဲ သေပြီ....
ခုဆို သူ့ညီမဟာ အရင်လို စိတ်နှလုံးအေးချမ်းလှပါသည်ဆိုသော ကလယ်ရာ မဟုတ်တော့
နာကျည်းမှုနှင့် အမုန်းတရားတို့တောက်လောင်ပြီး လက်စားချေလိုသည့် သွေးဆာနေသော မီးငှက် တစ်ကောင် အဖြစ်ပြောင်းလဲသွားပြီ
ဒီလို အခြေအနေရောက်လာဖို့ သူ့မှာ အခွင့်ကောင်းကို စောင့်နေခဲ့ရတာ.....
အပြာရောင်မီးငှက်ကိုသာ ရှင်းထုတ်နိုင်ရင်လူသား ကမ္ဘာနဲ့ သူတို့လောကကို ကောင်းကောင်းအုပ်ချုပ်နိုင်ပြီ