အေးတစ်လှည့် ပူတစ်လှည့် ခံစားမှုတို့ဖြင့် သူ့ခန္ဓာကိုယ်သည် တစ်ခါတစ်ခါ ချော်ရည်ပူတွေထဲကျရောက်သွားသလို တစ်ခါတစ်ခါ ရေခဲပြင်ထဲ နစ်ဝင်သွားသလို
ခံစားနေရသည်အလူးလူးအလိမ့်လိမ့်ဖြင့် သေလုမြောပါး ခံစားရပြီးနောက် နွေဦးတွင် တိုက်ခတ်သော လေပွေထဲ လွင့်ပါလာသည့် သစ်ရွက်တစ်ရွက်လို ....ဦးတည်ရာမဲ့ မျောပါနေပြီးနောက် တစ်စုံတစ်ခုက ဆွဲငင်လိုက်သလို သူ့ဝိဉာဉ်သည် ခန္ဓာကိုယ်နှင့် တွယ်ဆက်မိသည့်
့်တစ်ခဏ....ပထမဆုံး သူမြင်တွေ့ရသည်က မျက်နှာကျက်
ကျောက်သားနံရံတွေပေါ်က တွယ်ဆက်ကျနေသည့် ကျောက်တုံးငယ်များ....ဟိုဟိုသည်သည် ဝှေ့ကြည့်တော့ သစ်ကိုင်းခြောက်တစ်ခုမှာ လျှော်ကြိုးတွေနဲ့ ပြုလုပ်ထားသော စက်ဝိုင်းငယ်တစ်ခုလို အဝိုင်းလေးတွေ.....
ဟိုမှသည်မှ တွဲရရွဲ ကျနေသည်မှာ နတ်ဆရာအိမ်ရောက်နေသလို....
*သူ....မသေသေးဘူးပဲ*
နောက်ဆုံး သူမှတ်မိတာက နှင်းမိုးတွေ တဖွဲဖွဲကျနေသော နှင်းတောင်မှာ သတိလစ်မေ့မြောသွားတာပဲ
ဖြစ်သည်သူ့ခန္ဓာကိုယ်သည် အခုတော့ အကောင်းပကတိဖြစ်လို့
ပူခြင်းအေးခြင်းသည် သူ့စိတ်သဘောဖြစ်လို့နေသည်*ဒါ...ဘယ်နေရာလဲ*
ဟိုဟိုသည်သည် ဝေ့ဝဲကြည့်မိတော့....ဂူတစ်ခုထဲက ကျောက်သားကုတင်ကြီးပေါ်မှာ.....
မျက်နှာကျက်ကျောက်သားပြင်မှလွဲ၍ အောက်ခြေသည်
ပစ္စည်း အနည်းငယ်သာရှိလျက် ရှင်းလင်းနေသည်မှော်ပညာဖြင့် ဖန်တီးထားသော မီးလင်းဖိုတစ်ခုရယ်
မီးခိုးမှိုင်းဝနေသော ရေနွေးအိုးတစ်လုံးရယ်
တိုတိုထွာထွာ ပစ္စည်း တစ်ချို့ရယ်သာရှိလေသည်*ဒါက မှော်ဆရာတစ်ယောက်ရဲ့ နေရာလား*
အဝေးက အသံတစ်ချို့ကြားရ၍ သူနားစွင့်မိသည်