ချီကိုရဲ့ ဖြတ်သန်းမှုတွေဟာ ပုံမှန်ပါပဲ....ပုံမှန်တွေထဲမှာထပ်ပေါင်းထည့်ရရင် မနက်စာက
ပေါင်မုန့်တစ်လုံးနဲ့ကော်ဖီတစ်ခွက်မဟုတ်တော့ဘဲ
တစ်ခြားအရသာရှိတာတစ်မျိုးမျိုး ဖြစ်လို့သွားသလို...
အိမ်ပြန်နားတဲ့ရက်တွေမှာ အခန်းကို အထူးတလည်
သန့်ရှင်းနေရတာမျိုး မရှိတော့တာပဲ....ဘာပဲပြောပြော အားလပ်ရက်တွေမှာ အိပ်မက်ဆိုးတွေ မမက်တော့တာကလည်း ကျေနပ်စရာပင်....
ဒီနေ့လည်း ချီကို့အဝတ်တွေလျှော်ပေးထားပြီး နေ့လည်စာပါ ပြင်ပေးထားတာ
ညတွေတိုင်းမှာ မရည်ရွယ်ဘဲ စဉ်းစားမိနေတာက ဒန်နီ့ အကြောင်းသာ
*ဒန်နီဟာ ဘယ်လိုမျိုးလဲ*
သူ့အပေါ် အရမ်းကောင်းလွန်းသည်
တစ်ခါတစ်လေ သူဟာ ချီကိုမရဘူးတဲ့ မိသားစုဝင်လို ခံစားချက်ကို ပေးစွမ်းနိုင်လေသည်
အပြင်မှာ တွေ့ရတဲ့ သူ့ပုံစံနဲ့ ဒီအဖြစ်ဟာ နည်းနည်းမှ ဆက်စပ်မှုမရှိ
မာကျောအေးစက်တယ်ထင်ရပေမယ့် တကယ်က နူးညံ့ နွေးထွေးလို့နေသည်
နောက်ဆုံးအချက်က ဒန်နီ့ကိုတွေ့လျှင် ချီကို့ရင်ထဲမှာ ကတုန်ကယင်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ရသည်
"ဟင်း....."
သက်ပြင်းငွေ့ငွေ့ကိုချရင်း ညနက်တွေထက် ပိုအဓိပ္ပါယ်ဖော်ရခက်တဲ့ ဒန်နီ မျက်ဝန်းတို့ကို ပုံဖော်နေမိသည်
ဒါပေမယ့် သူ...ယောက်ျားတွေကိုမယုံ....
အထူးသဖြင့် သူ့အနီးနား...ပတ်ဝန်းကျင်က ယောက်ျားတွေကို ပိုမယုံကြည်နိုင်....
သူတွေ့ခဲ့ဖူးတဲ့ ယောက်ျားတွေဆိုတာ သူ့ဆီက တစ်ခုခု လိုအပ်နေယုံ....
"သူကရော ဘယ်လိုလူမျိုးလဲ....
ငါ့ဆီက ဘာလိုချင်နေတာလဲ ... မင်းသိလား"