......warningတွေ စပါပါပြီ.......
ပြောပေမယ့်လည်း ၁၈နှစ်မပြည့်သေးတဲ့ ကလေးတွေအကုန်လုံး လူကြီးဖြစ်တော့မယ်ဆိုတာ သိနေပါတယ်ခင်ဗျာ 😀😀😀.................
ကောင်းကင်သည် တဖြည်းဖြည်း အပြာရောင်သမ်း လာသလို နေရောင်ခြည်သည်လည်း တစ်စစ ဖြာကျလို့လာသည်
အိမ်ခေါင်မိုး တံစက်မြိတ်အောက်မှာ ကလေးတွေရော လူကြီးတွေရော အားလုံးဟာ နေနတ်ဘုရားရဲ့ အရှိန်အဝါနဲ့ နွေးထွေးမှုကို ငံ့လင့်ကာတောင်းဆုပြုနေကြသည်
ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်သည် ဖြာကျ လာပြီးသည့်နောက် နှင်းခဲတို့ အရည်ပျော်စပြုပြီ
ရေခဲတွေအရည်ပျော်ကျလာပြီးသည့်နောက် ရွာလမ်းလေးသည် တောင်ကျရေအောက်မှာ တဖြည်းဖြည်း နစ်မြုပ်သွားပြီး အိမ်လေးတွေသည်လည်း ကုန်းကမူ လေးတွေပေါ်မှာ ရေပေါ်အိမ်လေးတွေလိုဖြစ်လို့သွားလေသည်
"ဒရာဗန်.....ဒရာဗန် ဒီကိုအမြန်လာ..."
ဒရာဗန် လှည့်ကြည့်လိုက်တော့ နော့ဖရက်သည် ဟိုအရင်နေ့တွေက သူတို့ကျဲချထားသော ပျိုးစေ့တွေနားမှာ ကလေးတစ်သိုက်နှင့်အလုပ်ရှုပ်လို့နေသည်
"လာ....ဒီမှာ ကျွန်တော်တို့ ဒီသစ်ရွက်တွေဖယ်လို့ရပြီ
ပျိုးစေ့လေးတွေနေရောင်ရမှ ကောင်းကောင်းသန်မာမှာ""သားတို့လည်းကူမယ်"
၆နှစ်အရွယ် မေရီ၏ အကြီးဆုံးသားလေးက သွက်လက်စွာပင် သစ်ရွက်ကန်တော့လေးတွေကို ဖယ်ပေးသည်
"ဦးဦး....ဦးဦးက....ဘာလို့ တစ်ခြားသူတွေနဲ့ မတူရတာလဲဟင်"
"ဦးဦးက ဘာဖြစ်လို့လဲ "
"ဦးဦးက အရမ်းချောတယ်"
"နန်စီလေး....အဲ့ဒီလိုဆို ဦးဦး ဖရက်နဲ့ ဒီကဦးဦးနဲ့ ဘယ်သူကပိုချောလဲ"