ကောင်းကင်တစ်ခုလုံး အနီရောင်သန်းပြီး မြေပြင်ပေါ်မှာ သွေးသံရဲရဲနဲ့ လူတွေက ပြေးလွှားလျက်....
ခန္ဓာကိုယ် အပိုင်းအစတွေက ဟိုတစ်နေရာ ဒီတစ်နေရာ
ကမ္ဘာပျက်တယ်ဆိုတာ ဒါလား......
ဟိုဟိုဒီဒီ ငေးကြည့်နေရင်း လူတွေအကုန်ပျောက်ဆုံးလို့
လင်းတတွေ....ထိုးဆိတ်စားသောက်နေကြတဲ့
အလောင်းကောင်တွေကြားထဲမှာ သူတစ်ယောက်တည်း
ပြေးလည်းမပြေးနိုင်.....
ထိုစဉ် ကောင်းကင်ပေါ်မှာ ငှက်ကြီးကို စီးနင်းလာသော ယောက်ျားတစ်ဦး...
သူ့ကို...ကမ်းလင့်လာသော လက်တစ်စုံ.....
မျက်ဝန်းပြာတို့ကို ငေးမောရင်း.....
နေရာမှာ ကြက်သေသေနေစဉ်..ခြေထောက်အောက်က
လှုပ်ရှားမှုကြောင့် သူငုံ့ကြည့်လိုက်တော့....
အရေပြားတွေက လောင်ကျွမ်းထားမှုကြောင့်
ရှုံ့ တွ နီရဲလို့.....ဆံပင်တွေက ညှော်နံ့တို့ထွက်လျက်
မျက်ခုံးမရှိတော့သည့် မျက်လုံးအစုံပြူးကျယ်နေသော လက်တစ်ဖက်က သူ့ခြေထောက်တွေကို ဖမ်းကိုင်ရင်းပြောလာသည်.....*ကယ်ပါ*
*အား!!!!!!!*
ကြောက်လန့်တကြားအော်ဟစ်ရင်း နော့ဖရက်
လန့်နိုးလာသည်ချွေးစေးတို့ကို သုတ်ဖယ်ရင်း ကျောက်သားစားပွဲပေါ်က
ရေတကောင်းကို လှမ်းယူလိုက်သည်အေးစက်စက်အထိအတွေ့တို့က လည်ချောင်းမှတဆင့် ရင်ဘတ်ထဲသို့တိုင် ဖြတ်သန်းစီးဆင်းသွားသည်
ဖားဖိုတစ်ခုလို အသက်ကို အငမ်းမရ ရှူရှိုက်ရင်း
မျက်လုံးကိုမှိတ်ကာ တည်ငြိမ်အောင်ပြန်ထိန်းလိုက်သည်ခဏခဏ မက်တတ်သည့် အိပ်မက်ဆိုးတွေကြောင့် ငယ်ငယ်တုန်းကဆို အိပ်ရမှာ ကြောက်တဲ့အထိပင်
ကြီးလာတော့ အိပ်မက်ဆိုးတွေနဲ့ နေသားကျလာပေမယ့် နိုးထရတိုင်း အပြင်မှာတကယ်ဖြစ်နေသလိုလို...