PLEASE,SMILE FOR......

4.2K 175 24
                                    

(Uni/Zg)

February 14,2014

'မ'

'ပြော ကလေး'

'ဏီ့ကိုကြည့်ကွာ'

စာဖတ်နေသော မြူ့အနားဝင်ထိုင်ပြီးစကားစလာသော ယွန်းမဏီဟူသောသူမလေး။
သူမထက် ၅လပဲကြီးပေမဲ့ သူမလေးကမြူ့အား မ ဟုခေါ်သည်။

ဘာသဘောနှင့်ခေါ်သလဲတော့မမေးဖြစ်ခဲ့။ဒါပေမဲ့ ဒီနာမ်စားက မြူ့ တစ်ဦးတည်းမူမိုင်ဖြစ်တာတော့သေချာသည်။

'ကဲပြော...'

လက်ကစာအုပ်ကိုစားပွဲပေါ်ချပြီးထပ်မေးတော့မှ သူမလေးမျက်နှာကပြန်ကြည်လာပြီးစကားစလေရဲ့

'ဒီနေ့ဘာနေ့လည်းသိလား'

'အွန်း V-Day လေ လျှောက်လည်ဖို့တော့မစဉ်းစားနဲ့နော် ဒီနေ့ tutorialရှိတယ်'

'ဟာ '

မြူ့စကားအဆုံးသူမလေးမျက်နှာကလိုချင်တာမရသောကလေးတစ်ယောက်နှယ်စူပုတ်သွားလေသည်။

သိတယ်လေ။သူမလေးမွေးနေ့လို့ဖြေစေချင်မှန်းတမင် စချင်လို့မသိချင်ယောင်ဆောင်ပြီးဖြေတာ။

'ကြည့်စမ်း ကလေးကစိတ်ဆိုးသွားတာလား'

နှုတ်ခမ်းဆူကာတစ်ဖက်လှည့်သွားသောသူမလေးမျက်နှာကို အတင်းလိုက်ကြည့်ဖို့ကြိုးစားရင်းသူမပုခုံးလေးကိုဆွဲလှည့်မိတော့ပြန်တော့လှည့်လာပါသည်။ ငုံ့ထားသောခေါင်းလေးကြောင့်သူမလေးမျက်နှာကိုသေသေချာချာမမြင်ရ။

'ကလေး ခေါင်းမော့ကွာ'

မဟာ်ဂနီရောင်ဆံနွယ်ရှည်တွေလှုပ်ယမ်းနေအောင်ခေါင်းကိုသာအတွင်ခါနေသောသူမလေးသည်မြူ့စကားကိုနားမထောင်ခဲ့ပါ။

'ကလေးကို စတာလေ မ ကိုကြည့်ပါဦး'

မြူချော့တော့မှမော့မကြည့်လာပဲ ပုခုံးလေးတွေသာတသိမ့်သိမ့်တုန်နေသဖြင့် မြူပျာသွားရသည်။

'ကလေး ငိုနေတာလား မငိုပါနဲ့နော် မ ကစတာလေ နော်တိတ်တိတ်'

မြူချော့တော့မှသူမလေးကခေါင်းမော့လာလေရဲ့

'မ မကောင်းဘူး ဏီ့မွေးနေ့ကိုမှတ်မိပေးတာ မတစ်ယောက်တည်းရှိတာဆိုပြီးဏီကပျော်နေတာကို မ...က မ...က အီး...ဟီး...ဟီး... မ မကောင်းဘူး'

PLEASE,SMILE FOR......(Girl×Girl)Hikayelerin yaşadığı yer. Şimdi keşfedin