❤ ᴏɴᴇ

24.4K 1.1K 2
                                    

(Zawgyi)

ကောင်​တာ​တွင်အ​ငွေ့တ​ထောင်းေ​ထာင်းထွက်လျက်​ရှိသော
Americanoခွက်​​လေးအား​ ​ဗန်း​ပေါ်သို့တင်​ပြီး မှာထားသည့်
စားသုံးသူရှိရာစားပွဲဝိုင်းသို့အ​ရောက်​သွားပြီးတင်​​ပေးလိုက်​စဉ်​....

" ချစ်​သူရှိလား "

" ​ဗျာ "

ယောက်ျား​လေးတစ်​​ယောက်​က ​ယောက်ျား​လေး တစ်​​ယောက်
ဖြစ်​တဲ့ ကျွန်ေ​တာ့်​ကို ရုတ်​တရက်​ကြီး​ မေးလာတဲ့စကားတစ်​ခွန်း
ကြောင့်​ ကျွ​န်ေ​တာ်​နှုတ်​က​နေ ' ​ဗျာ ' ဆိုတဲ့ အာ​မေဋိက်​အသံက
လွဲလို့ တခြားဘာအသံမှထွက်​ကျမလာခဲ့​ ။

" ​အော်​ .. မင်းက ဒီ​လောက်​​ချော​နေ​တော့ ချစ်​သူ​တွေ
ဘာ​တွေများရှိမလားလို့​မေးကြည့်​တာ .. ရှိလား "

ဘယ်​လို​ဖြေရမလဲ ထို​မေးခွန်းကို ။

ချစ်​သူလား ။ အ​ကြွေးရှင်​လားဆိုတဲ့မသဲမကွဲပတ်​သတ်​မှုရှိတဲ့
လူတစ်​​ယောက်​​ကြောင့်​ ကျွ​န်ေ​တာ်​ ထို​မေးခွန်းအားပြန်​ဖြေဖို့
နှုတ်​မှအလိုလိုဆွံ့အ​နေမိသည်​ ။

" ဟိတ်​​ကောင်​​လေး ကိုယ်​​မေး​နေတယ်​​လေ ရှိလားလို့ "

ကျွန်ေ​တာ့်​ လက်​​မောင်းကို လှုပ်​ရမ်းပြီး​ ​မေး​နေတာ​ကြောင့်
ကျွန်​​တော် ​တွေးလက်​စအ​တွေး​တွေကွယ်​​ပျောက်​သွား​ခဲ့ ။

တဖန်​ ကျွန်​​တော့် ​​လက်​​မောင်းကို ဆုတ်​ကိုင်​ထား​သော
ထိုကောင်​​လေးရဲ့လက်အား ကျွန်​တော်​ ​​မသိမသာဖြင့်
ခါချလိုက်​ပြီး ..

" အရသာရှိရှိသုံး​ဆောင်​ပါခင်ဗျာ .. ​ကျွန်​​တော့်​ကိုခွင့်​ပြုပါအုံး "

" ​နေပါဦး "

ကျွန်​​တော်​သူ​မေးတဲ့​မေးခွန်းကိုအလိမ္မာနည်းနဲ့သာ
ရှောင်​လိုက်​​သော်​လည်း...

ထို​ကောင်​​လေးသည်​ကျွန်​​တော်​ရဲ့လက်​အားလှမ်း၍
ဆွဲထားတာ​ကြောင့်​ထို​နေရာက​နေကျွန်​တော်​​ပြန်​လှည့်​လို့မရ...

" ကျွန်​​တော်​လက်​ကိုလွှတ်​​ပေးပါ "

" လွှတ်​​ပေး​စေချင်​ရင်​ကိုယ်​​မေးတာအရင်​​ဖြေ​လေကွာ..."

|| DON'T LEAVE ME ALONE || 《COMPLETED》Where stories live. Discover now