❤ ᴛʜɪʀᴛᴇᴇɴ

9.8K 731 30
                                    

(Zawgyi)






အချစ်​လား...!
တော်​ပါ​ပြီဗျာကျွန်​​တော်​ ​နောက်​ထပ်
ဘယ်​သူ့ကိုမှထပ်​မချစ်​ရဲ​တော့ဘူး...
ထပ်​ချစ်​ဖို့လဲအင်​အားမရှိ​​တော့ဘူး...။

လူတစ်​​ယောက်​ကိုချစ်​မိသွားရင်
အဲ့ဒီလူကိုကြည့်​​နေရုံနဲ့တင်​မရောက်​ရဲနိုင်​ဘူး...

သူ့ကိုပိုင်​ဆိုင်​ချင်​လာမယ်​...

သူ့အနားမှာပဲအမြဲရှိနေချင်​လာမယ်​...

သူ့ရဲ့အပြုံး​လေး​တွေပဲ​တွေ့​နေချင်​မယ်​...

သူ့ရဲ့အကြင်​နာ...သူ့ရဲ့ဂရုစိုက်​မှု​တွေဆိုတဲ့
အ​ယောင်​​ဆောင်​ ​တွေ​ကိုပဲအမြဲ​တောင်းတ​နေလိမ့်​မိမယ်​...

အချစ်​ဆိုတာ...
အချစ်​ခံရတဲ့သူ​အတွက်​​တော့မသိဘူး...
ချစ်​​နေရတဲ့သူအတွက်က​​တော့ပင်​ပန်းတယ်​ ၊နာကျင်​ရတယ်​...

တစ်​​နေ့တစ်​​နေ့​ဆွေးလိုက်​ရတဲ့​ဆွေးခြင်း
ငေးငိုင်​လိုက်​ရတဲ့ငိုင်​ခြင်း...

သူဆိုသည်​မှာကျွန်​​တော်​ဆီကစိတ်​ ၊နှလုံးသား စသည့်
အရာအားလုံးကိုအပြီးပိုင်​သိမ်းယူသွားတာ​ကြောင့်​...

သူမရှိ​​တော့တဲ့အခုအချိန်မှာ 
ကျွန်​​တော်​တစ်​ရက်​လေး​တောင်မှမ​နေတက်ဖြစ်​​နေခဲ့​ပေ...။

သုံးရက်​...
သုံးရက်​​တောင်​ရှိသွားပြီ​လေ...။

သူ Honeymoon ထွက်​သွားတာဒီ​နေ့နဲ့ဆို
သုံးရက်​​တောင်​ပြည့်​သွားခဲ့ပြီ ...။

သူဘယ်​လို​နေမလဲ...​!သူ​ပျော်​​နေမလား...!
သူစိတ်​ချမ်းသာ​နေမလား...!ဆိုတဲ့အ​တွေး​တွေသာ​ခေါင်းထဲသို့
ထိုး​ဖောက်​ဝင်​​ရောက်​လာကာ​တွေး​နေမိ​နေတဲ့ကျွန်​​တော်​...
တကယ်​အမှတ်​မရှိတဲ့အ​ကောင်​ပင်​...။

မေ့နိုင်​ဖို့မကြိုးစား...။
မ​တွေးနိုင်​​အောင်​ မ​လေ့ကျင့်​...။
သူ့နဲ့အတူသွားဖူးတဲ့​နေရာ​ရောက်​တိုင်းအမှတ်​တရအဖြစ်​နဲ့
ပြန်​မြင်​​ယောင်​ကာငို​နေတဲ့ကျွန်​​တော်​...

တကယ့်​အရူးပဲ...
ဟုတ်​တယ်​ကျွန်​​တော်​ကရူး​နေတာ...
အချစ်​ရူး...

|| DON'T LEAVE ME ALONE || 《COMPLETED》Onde histórias criam vida. Descubra agora