(Zawgyi)
ကားပေါ်မှဆင်း၍မြေပြင်ပေါ်သို့ခြေစုံရပ်လိုက်သည်နှင့်
ကျွန်တော်မျက်ဝန်းတစ်စုံတို့သည်ရောက်နေရာနေရာဖြစ်တဲ့...ငယ်ငယ်ကတည်းကပင်မိသားစုစုံလင်စွာဖြင့်နေခဲ့သော
နေရာဖြစ်သောByunအိမ်တော်ကြီးရဲ့ပြောင်းလဲသွားသော
အသွင်အပြင်တွေအားလိုက်၍ကြည့်နေမိသည် ။ပြောင်းလဲသွားခဲ့တယ်...တစ်ချို့တစ်လေ
ဝေးကွာသွားခဲ့သည့်နှစ်ပေါင်းလည်းမနည်းခဲ့..." သားလေးလာ...အိမ်ထဲဝင်ကြရအောင် "
စကားသံနှင့်အတူအနားသို့ရောက်လာခဲ့သောအဖေ...
ကျွန်တော်ပခုံးလေးတစ်ဖက်အားလက်ဖြင့်အသာ
ဆုတ်ကိုင်ပြီးသည်နှင့်အိမ်တော်ထဲသို့ဝင်စေသည်...အိမ်တော်၏ရှေ့တံခါးသို့လျှောက်၍လာခဲ့ပြီး
အိမ်တော်တံခါးနှစ်ချက်အားလက်ဖြင့်အသာတွန်း၍
ဖွင့်လိုက်သည်နှင့်တွေ့လိုက်ရသောအရာ...အစေခံတွေအမြှောက်အများတန်းစီ၍ရပ်လျက်
အိမ်တော်ထဲသို့ဝင်လာတဲ့ကျွန်တော်အား
အလုံးစုံဦးညွှတ်၍အရိုအသေပေးကာ...နှုတ်မှသံတူရွတ်ဆိုလိုက်သောစကား...
" Byun အိမ်တော်မှကြိုဆိုပါတယ်သခင်လေးBaekhyun "ထိုအစေခံတွေရဲ့စကားအဆုံးကျွန်တော်ကြောင်တောင်တောင်ဖြင့်သာ
အိမ်တော်အနှံ့သို့မျက်လုံးတစ်စုံကစားလိုက်၍ကြည့်နေမိပြီး
နှုတ်ဆိတ်နေမိသည် ။တန်းစီနေသောအစေခံတွေရဲ့အလယ်၌ခင်းထားသော
ကော်ဇောနီအထက်သို့ခြေလှမ်းတစ်လှမ်းချင်း
ဖြေးညင်းစွာလျှောက်၍လာခဲ့ရင်သောကျွန်တော်...လျှောက်သောခြေလှမ်းတိုင်းအားအပေါ်နှုတ်ခမ်းနှင့်
အောက်နှုတ်ခမ်းလှုပ်၍ထိတွေ့ရုံမှဖြင့်သာ
အသံတိတ်ရေတွက်နေမိရင်း...
VOUS LISEZ
|| DON'T LEAVE ME ALONE || 《COMPLETED》
Roman d'amourCHANBAEK FAN FICTION [ UNICODE + ZAWGYI ]