❤ ᴛᴡᴇɴᴛʏ - ᴇɪɢʜᴛ { ғɪɴᴀʟ }

16.8K 744 13
                                    

(Zawgyi)



တစ်​ချို့က​ပြောကြတယ်​...

အချစ်​စစ်​မှန်​ရင်​ ဘယ်​​လောက်​ပဲ​ဝေးကွာ​နေပါ​စေ
တစ်ေ​န့​နေ့တစ်​ချိန်​ချိန်​ ကိုယ်​ရဲ့နှလုံးသားပိုင်​ရှင်​က
ကိုယ်​ဆီသို့မရရတဲ့နည်းလမ်းနဲ့မဖြစ်​​ဖြစ်​​အောင်
ပြန်​၍​​ရောက်​လာတတ်​တယ်​တဲ့...

ထိုစကားနဲ့အညီ...

ကျွန်​​တော်​ရဲ့နှလုံးသားကိုပိုင်စိုးထားတဲ့သူ...

Park Chan Yeol ဆိုတဲ့
ကျွန်​​တော်​ရဲ့တစ်​ဦးတည်း​သောသူသည်
ယခုကျွန်​​တော်​ရဲ့​ နံ​ဘေးသို့သူ့အလိုလိုရောက်​ရှိ​၍လာခဲ့သည်​ ။


' ဘုတ်​ '

အိမ်​​ရှေ့သို့ကားရပ်​ပြီးသည်​နှင့်​ကား​ပေါ်မှအလျင်
ပြေးဆင်းသွား​သောသူ့အားကျွန်​​တော်​ထိုင်​လျက်
လိုက်​၍ကြည့်​​နေမိရင်းပါးပြင်​​ပေါ်​သို့မျက်​ရည်​စက်
အနည်းငယ်​ကျ၍လာမိ...

ဘယ်​ရယ်​​ကြောင့်​​တော့မဟုတ်​ပါဘူး...

ပါးပြင်​​ပေါ်သို့ယခုကျလျက်​သားရှိ​သောမျက်​ရည်​သည်
သူကျွန်​​တော်​အနားကိုပြန်​​ရောက်ရှိ​နေခြင်း​ကြောင့်
အ​ပျော်​လွန်​ကာကျ​သောမျက်​ရည်​ပင်​ဖြစ်​သည်​ ။

ချစ်​သည်​...။

သူ့ကို အရမ်းပင်​ချစ်​တယ်​...

သူကျွန်​​တော်​အ​ပေါ်ဘယ်​လိုဘယ်​ပုံနဲ့ပဲဖြစ်​ဖြစ်​နာကျင်​​စေခဲ့ပါ​စေ

ကျွန်​​တော်​Byun Baekhyunသည်
Park Chanyeolဆိုတဲ့
သူ့အ​ပေါ်ကို တစ်​ကြိမ်​တစ်​ခါမျှ​မေတ္တာပျက်​ကွက်​မှုများ​မရှိခဲ့...

အရင်​တုန်းကတည်းသူ့ကိုချစ်​ခဲ့သလို
ယခုလည်းသူ့ကိုပိုပိုပြီးချစ်​တယ်​...
ပြောမတက်​​အောင်​ချစ်​တယ်​...

" Baek "

ကျွန်​​တော်​ထိုင်​​နေရာဘက်​မှကားတံခါးလာဖွင့်​ပြီး
ရီ​ဝေ​သောအကြည့်​...ချစ်​ခြင်းများစွာပါ​သောအကြည့်​တို့ဖြင့်
ကြည့်​လျက်​လက်​တစ်​ဖက်​ကိုကမ်း​ပေး​သောသူ့အား
ကျွန်​​တော်​​တ​မေ့တ​မော​ငေး၍ကြည့်​​နေမိသည်​...

|| DON'T LEAVE ME ALONE || 《COMPLETED》Nơi câu chuyện tồn tại. Hãy khám phá bây giờ