❤ ғɪғᴛᴇᴇɴ

9.5K 754 51
                                    

(Zawgyi)





စာသင်​ခန်းထဲတွင်​ထိုင်​​နေ​သော်​လည်း
အ​ရှေ့ကဆရာသင်​​နေတဲ့ဆီသို့စိတ်​မ​ရောက်​...

လွင့်​ချင်​တဲ့​နေရာသို့...​တွေးချင်​တဲ့အရာသို့သာ
တွေး​နေတဲ့စိတ်​ ဖမ်းယူထိန်းချုပ်​လို့မရသလို
မ​တွေးမိ​အောင်​​နေလို့လဲမရပင်​...။

ဝင်​လာတယ်​အ​တွေးထဲသူ
မြင်​​ယောင်​လာတယ်​သူ့ရဲ့​အေးချမ်းတဲ့​အပြုံးလေး​တွေ
ကြား​ယောင်​လာတယ်​သူ့ရဲ့သြရှရှအသံချိုချို​လေး​တွေ

ခေါင်းကိုအဆက်​မပြတ်​ခါကာအ​တွေးထဲဝင်​လာတဲ့သူအား
မောင်းထုတ်​​နေမိတဲ့ကျွန်​​တော်​တကယ်​ပဲခံနိုင်​ရည်​အား​တွေကုန်​ခမ်း​နေပြီ...။

ဘာလို့ဒီ​လောက်​​တောင်​ပဲကျွန်​​တော်​စိတ်​​တွေ...

အ​တွေး​တွေကို လွှမ်းမိုးချုပ်​​နှောင်​ထား​နေရတာလဲ...!

ဒီအတိုင်း သူ့ကို​မေ့လိုက်​ဖို့ဘာလို့မလွယ်​ကူရတာလဲ...!

ဘာလို့အခုချိန်​ထိသူ့ကိုမုန်းဖို့အဆင်​သင့်​မဖြစ်​​သေးရတာလဲ...!

မေး​နေတယ်​...​မေးခွန်းများစွာဖြင့်​ကိုယ့်​ကိုယ်​ကို
အ​ဖြေရရန်​မ​ရေရာတဲ့အ​မေးကိုအစကတည်းမချစ်​ခဲ့သင့်​ဖူးဆိုတဲ့
အ​ဖြေတစ်​ခုသာပြန်​​ဖြေလျက်​....။

" Baekhyun "

" .... "

" Baekhyun "

အဆက်​မပြတ်​​ခေါ်​နေတဲ့KyungSoo
ကြားနိုင်​ခြင်းမရှိ​သောBaekhyun...

ကိုယ့်​အ​တွေးနဲ့ကိုယ်​​တွေးရင်း​စိတ်​နဲ့လူနဲ့မကပ်ပဲ
လွင့်​​နေတာ​ကြောင့်​​ဘေးနားကKyungSooရဲ့
အော်​​ခေါ်သံ ၊စကား​ပြောသံများတို့နားထဲသို့​ယောင်​မှား၍
တစ်​​ချက်​​တောင်​ကြား​ယောင်​ခြင်းမရှိပင်​ ။

" Baekhyun!!! "

KyungSoo Baekhyunလက်​​မောင်းတစ်​ဖက်​အား
ဆုတ်​ကိုင်​နဲ့လိုက်​ပြီး​အော်​​ခေါ်လိုက်​​မှBaekhyun
အ​တွေးဆီသို့လွင့်​​နေတဲ့စိတ်​များကိုယ်​နဲ့ပြန်​ကပ်​လာခဲ့ပြီ...

|| DON'T LEAVE ME ALONE || 《COMPLETED》Where stories live. Discover now