❤ ᴛʜʀᴇᴇ

13.5K 991 5
                                    

(Zawgyi)


ကျွန်​​တော်​သခင်​​လေးအခန်းထဲကအိပ်​ရာအခင်း​တွေအား
လဲ​ပေးပြီးမနက်​စာစားခန်းထဲသို့ပြန်၍​ဝင်​လာခဲ့သည်​ ။

အစားစာဆိုချည်းများတတ်​တဲ့သခင်​​လေး...
ကျွန်​​တော်​ချက်​​ပေးတဲ့စွပ်​ပြုတ်​ကို​တော့
၂ပန်းကန်​တိတိဝင်​​အောင်​​သောက်​​နေ၏ ။

သာမန်​အချိန်​​တွေဆိုလူကြီးဆန်​ပြီးခတ်​ထန်​တဲ့သူ...

အစားစားချိန်​ကျရင်​​တော့...
က​လေး​လေးတစ်​​ယောက်​လို
ပါးစပ်​တစ်​ခုလုံးပေကျံ​အောင်​စားတတ်​ပေသည်​ ။

" မင်းစားပြီးပြီလား "

" ဗျာ"

သူကျွန်​​တော်​ကိုမကြည့်​...

စွပ်​ပြုတ်​​သောက်​ရင်း​မေးလိုက်​စဉ်
ကျွန်​​တော်​ပါးစပ်​က​နေသူလိုချင်​တဲ့အ​ဖြေမထွက်​တာ​ကြောင့်
သူကျွန်​​တော်​ကိုအလိုမကျတဲ့ပုံနဲ့​သေချာစိုက်​ကြည့်​ပြီး...

" မင်းစားပြီးပြီလားလို့ငါ​မေး​နေတယ်​​လေ "

" ကျွန်​​တော်​သခင်​​လေးပြီးမှစား...Oma!! "

ကျွန်​​တော်​စကားမဆုံး​သေး...
ကျွန်​​တော်​လက်​ကိုသူလှမ်းဆွဲလိုက်​တာ​ကြောင့်
သူ့​ပေါင်​​ပေါ်သို့ကျွန်​​တော်​ထိုင်​လျက်​သားပင်​ကျသွားခဲ့သည်​ ။

" အာ..."

စွပ်​ပြုတ်​ပန်းကန်​ထဲကစွပ်​ပြုတ်​တစ်​ဇွန်းခပ်​ပြီးမှုတ်​ကာ
ကျွန်​​တော်​ပါးစပ်​နားသို့ဇွန်းကမ်း​ပေး​နေတဲ့သူ...

" သခင်​​လေး "

" ပါးစပ်​မြန်​မြန်​ဟ...ငါ့လက်​​တွေ​ညောင်း​နေပြီ "

" ဟုတ်​..ဟုတ်​ကဲ့ "

ကျွန်​​တော်​ပါးစပ်​ကိုအသာဟလိုက်​​ရော
သူစွပ်​ပြုတ်​တစ်​ဇွန်းပြီးတစ်​ဇွန်းမှုတ်​ကာ​​တိုက်​​နေ​တော့​လေသည်​ ။

" သခင်​​လေး "

" ဘာလဲ "

" သခင်​​လေးဒီ​နေ့အလုပ်​မသွားရဘူးလား "

" ငါအလုပ်သွားတယ်မသွားဘူးဆိုတာ
မင်းကိုတင်​ပြ​နေရအုံးမှာလား "

|| DON'T LEAVE ME ALONE || 《COMPLETED》Dove le storie prendono vita. Scoprilo ora