(Zawgyi)
ချစ်ရတဲ့သူ
နှုတ်ဆက်ရမယ့်အချိန်ရောက်ခဲ့လျှင်
ဝမ်းမနည်းပါနဲ့...♡ နှစ်ရက်အကြာ ♡
ကုတင်ပေါ်တွင်လက်၌်ဆေးပိုက်တို့တွဲချိတ်ထားလျက်
လှဲလှောင်းနေသောသူမအားကျွန်တော်ငေး၍ကြည့်နေမိရင်း" နင်...ဘယ်အချိန်ကတည်းက သိနေတာလဲ
သူ ဒီရောဂါခံစားနေရတာကို "" သိပ်မကြာသေးဘူး သူKoreaကိုပြန်မလာခင်
၂လအလိုကတည်းက အဲ့ဒါကြောင့်လည်း
သူစိတ်ချမ်းသာအောင်လို့ ငါDNAအဖြေကို
လိုက်လျောပြီးကူညီပေးခဲ့တာ... "အခန်းထဲသို့ဝင်၍လာခဲ့ပြီးချိတ်ထားသောဆေးတစ်လုံး
ကုန်သွားသည်နှင့်နောက်ဆေးတစ်လုံးအားပြောင်းလဲ၍
ချိတ်ဆွဲပေးနေသောSung Jaeကျွန်တော်အမေးစကားအဆုံး...ကုတင်ပေါ်တွင်လှဲကာဆေးအရှိန်နဲ့အိပ်ပျော်နေသောသူမ၏
မျက်နှာလေးအားစိုက်၍ကြည့်နေမိရင်းပြန်ဖြေလိုက်လျက်
ကျွန်တော်ဘက်သို့မျက်နှာပြန်မူလာ၍..." Chanyeol နင်သိလား...NaNaကလေနင့်ကို
အရမ်းချစ်တာနင့်ရဲ့စိတ်တွေ...၊အချစ်တွေအားလုံး
သူ့ဆီမှာမရှိတော့ဘူးဆိုတာကိုတောင်သူသိနေရက်သားနဲ့
သူနင့်ကိုပိုင်ဆိုင်ချင်လို့မလုပ်သင့်တာတွေကိုလျှောက်လုပ်ခဲ့ပြီး
နင့်ကိုမပိုင်ပိုင်အောင်လက်ထပ်ယူခဲ့တာ... "" သူအဲ့လိုလုပ်ခဲ့လို့ရော...သူမှာမရှိတော့တဲ့
ငါရဲ့စိတ်တွေကသူ့ဆီကိုပြန်လာမယ်လို့နင်ထင်နေလား "ကျွန်တော်ဆီမှပြန်မေးလိုက်သောစကားအဆုံး
SungJaeကျွန်တော်အားခေါင်းတစ်ချက်ရမ်းပြလျက်.." ဟင့်အင်း...မထင်ဘူး...ဒါပေမယ့်...
နင်ရယ်...ငါရယ်...သူရယ် Taoရယ်ငါတို့လေးစလုံးယောက်က
ငယ်ငယ်ကတည်းကသိလာခင်လာခဲ့ကြတဲ့ငယ်သူငယ်ချင်းတွေပဲလေ
ဘယ်လိုပဲဖြစ်ဖြစ်နင်သူ့ကိုမချစ်တော့ဖူးဆိုရင်တောင်မှ
သူ့အပေါ်ထားတဲ့ငယ်သူငယ်ချင်းသံယောဇဉ်တော့
ကျန်ရှိနေဦးမယ်လို့ငါထင်တာကြောင့်ဝင်မပါခဲ့တာ "

ŞİMDİ OKUDUĞUN
|| DON'T LEAVE ME ALONE || 《COMPLETED》
RomantizmCHANBAEK FAN FICTION [ UNICODE + ZAWGYI ]