❤ ғᴏᴜʀᴛᴇᴇɴ

8.9K 693 8
                                    

(Zawgyi)




ဝရံတာလိုက်​ကာစက​နေထိုး​ဖောက်​၍
ကျွန်​​တော်​မျက်​နှာ​ပေါ်သို့စူးရှစွာကျ​ရောက်​လာတဲ့
နေ​ရောင်​ခြည်​​ကြောင့်​ ကျွန်​​တော်​မျက်​လုံးတစ်​စုံကို
ဖွင့်​လိုက်​မိသည်​ ။

နိုးနိုးခြင်းမြင်​လိုက်​ရတဲ့Hyung...

ကျွန်​​တော်​ လက်​တစ်​ဖက်​ကိုဆုတ်​ကိုင်​ပြီး
သူ့ရင်​ခွင်​ထဲသို့​ထည့်ကာ​ထွေးဖက်​ထားတဲ့Hyung...

အိပ်​​မောကျ​နေတာ​​​မလို့မနိုးရက်​...
ရင်​ခွင်​ထဲကအသာတိုးထွက်​ပြီးကုတင်​​ပေါ်က
ဆင်း​ကာ​ရေချိုးခန်း သို့​သာ​ထွက်​လာခဲ့သည်​ ။

မျက်​နှာသစ်​၊သွားတိုက်​၊ကိုယ့်​လက်​သန့်​စင်​ပြီးလို့
Hyungရဲ့စာကြည့်​စားပွဲ​ပေါ်မှာတင်​ထားတဲ့
ကျွန်​​တော်​လွယ်​အိတ်​ကိုယူကာ​အောက်​ထပ်​သို့သာ
ဆင်းလာခဲ့သည်​ ။

" သားBaekhyunee​လေး​ကျောင်းသွား​တော့မလို့လား "

မနက်​စားစားခန်းထဲက​နေလှမ်း​မေးလိုက်​တဲ့
မေ​မေစကား​ကြောင့်​အိမ်​အပြင်​သို့တိတ်တိတ်ေ​လး
ထွက်​ဖို့လုပ်​​နေတဲ့ကျွန်​​တော်​​ခြေလှမ်း​တွေရပ်​တန့်​သွားခဲ့သည်​။

မျက်​နှာ၌အပြုံးတစ်​ပွင့်​ဖန်​တီးပြီး​မေး​နေတဲ့​မေ​မေဘက်​သို့
မျက်​နှာမူကာ...

" ဟုတ်​​ကဲ့​မေ​မေ...ကျွန်​​တော်​ကျောင်းသွား​တော့မလို့ "

" Awwမနက်​စာစားသွား​လေသား "

" ရပါတယ်​ ​မေ​မေသား​ကျောင်းမှာပဲစားလိုက်​ပါ့မယ်
နောက်​ကျ​နေလို့ "

" သားကြီး​ရော သား "

" Hyungအိပ်​​မောကျ​နေလို့မနိုးချင်​တာ​ကြောင့်​ရယ်​ "

" Aww ဟုတ်​ပါပြီ...သား​နောက်​ကျတယ်​ဆို​တော့
သားငယ်​...သားBaekhyunee​လေးကို​ကျောင်းလိုက်​ပို့​ပေးပါလား
သားကုမ္ပဏီသွားရမယ့်​တစ်​လမ်းတည်းမဟုတ်​လား "

မေ​မေ့စကားအဆုံးသူကျွန်​​တော်​ဘက်​သို့တစ်​ချက်​လှည့်​ကြည့်​ကာ

|| DON'T LEAVE ME ALONE || 《COMPLETED》Nơi câu chuyện tồn tại. Hãy khám phá bây giờ