Valentine

1.4K 213 13
                                    

မုန်းတယ် သူ့ကိုမျက်ရည်ကျအောင်လုပ်တဲ့ Jeon Jungkook ဆိုတဲ့ လူကြီးကို တကယ်မုန်းတယ်

တရှုံရှုံနဲ့ ငိုနေတော့ ခန္တာကိုယ်လေးပါ တစ်ချက်တစ်ချက် တုန်တက်သွားတယ်
ဘေးလူတွေကတော့ သူ့ကို ဝိုင်းကြည့်နေုကပေမယ့် ဂရုမစိုက်နိုင် ကိုယ့်လမ်း ကိုယ်သွားနေလိုက်တယ် စိတ်ထဲမှာတော့ ဟို နှာပွကောင်ကို နုတ်နုတ်စင်းချင်မိနေတာ

"Tae!"

ဒါJeon Jungkook ဆိုတဲ့လူ.. သူ့အသံကြားတော့ အလိုလိုနေရင်း ခြေထောက်ကရပ်မိသား ဘာလို့ရပ်လိုက်တာလဲ ဆက်သွားလေ...

အနောက်ကနေပြေးဖက်လာတာကြောင့် သူ့ကိုယ်လေး အရှေ့တောင်ယိုင်သွားတယ်

"Tae ဘာလို့ကိုယ့်ကိုတောင်မစောင့်တာလဲ"

ခါးမှာဖက်တွယ်ထားသော သူ့လက်တွေဖြုတ်ချပြီး
မျက်နှာချင်းဆိုင်လိုက်တယ်

မျက်ဝန်းအိမ်မှ မျက်ရည်စလေးတွေကိုသူတွေ့တော့
ပြာပြာသလဲဖြစ်ကာ

"Tae ငိုထားတာလား ဘာလို့လဲ"

"ရှင်း!"

"ဟမ်"

"ရှင်းလို့ဆို"

"ကိုယ်ကဘာကိုရှင်းရမှာလဲ"

"ခုနကကောင်မလေးနဲ့ အကြောင်းကို ရှင်း အခုရှင်း"

"ဘယ်ကောင်မလေး...အာာာာ Taeအဲ့တာကTaeထင်သလိုမဟုတ်ဘူး"

ပြောပါအုံးဆိုတဲ့ မျက်နှာနဲ့သူ့ကိုကြည့်လိုက်တော့

"တကယ်ပြောတာ ကိုယ်Taeနောက်ပြေးလိုက်ရင်း သူ့ကိုတိုက်မိတာ ပြုတ်ကျမလို့ဖြစ်လို့ ကိုယ်ကထိန်းပေးရုံလေးပဲ"

"ဟုတ်လား...ဒါဆို မျက်လုံးချင်းဆုံတာကရော"

ဆက်လိမ်ပါအုံးဆိုတဲ့ အကြည့်နဲ့ ရွဲ့ပြောလိုက်တော့ သူ့ခမျာ မိုးပြိုတော့မယ့်မျက်နှာနဲ့
ဒါမျိုးတော့ Kim Taehyung တို့က မသနားနိုင်ပါ

"အဲ့ဒါက ကြောင်သွားတာပါ Taeရာ တကယ်မတော်တဆပါ"

"Aww...မတော်တဆလား"

သူလိမ်နေတာမဟုတ်မှန်း သူ့အကြည့်တွေကသက်သေပြနေတယ် ဒါပေမယ့်လည်း လွယ်လွယ်နဲ့ အလျော့ပေးလို့တော့မရတာ Jeon Jungkook ဆိုတဲ့ကောင်က အလျော့ပေးလို့မရတဲ့ကောင်
ဒင်းက အလျော့ပေးရင်ရောင့်တက်တယ်

BÊ MÝ VÁŁËŇŢÍÑĖ //TK (Short Story)Where stories live. Discover now