I

5.7K 293 24
                                    

#UNICODE_VERSION


Night ~ 3:00 AM
~~~~~~~~~~~~

အတုအယောင်ခံစားချက်တစ်ချို့အတွက်
လိုအပ်ရင် မာနအတုကိုပြာချပြီး အလဲအလှယ်လုပ်ရတယ်

ပြန့်ကျဲနေတဲ့ မြောက်မြားစွာသော စာရွက်တွေထဲက စာရွက်တစ်ခုပေါ်ရှိ စာသားတစ်ချို့ဖြစ်သည်။

"ချက်-ချက် ..."

မိုးသံလေသံတို့ကို ထိုးဖောက်ရန် ကြိုးစားနေသော နာရီသံသဲ့သဲ့။ မိုးစက်များရဲ့ တအုန်းအုန်း ရိုက်ခတ်သံတို့ဖြင့် လမ်းမီးတိုင်များနှင့် ည၏မြင်ကွင်းကို မှန်ပြတင်းပေါက်ကနေ အတိုင်းသားမြင်နေရသည်။

နံရံမှာကပ်နေသော နောက်ဆုံးမဖြဲပဲ ချန်ထားသည့် ပြက္ခဒိန်စာရွက်သည် လွန်ခဲ့သော ၁၅ ရက် အချိန်ကို ညွှန်ပြနေသည်။ ထိုစာရွက်ကိုပင် လက်ရှိအချိန်ကို ရောက်တဲ့အထိ ဖြဲဆုတ်ရန် သူပျင်းရိနေသည်။

"ဟာကွာ shitt ..."

ဝမ်းလျားမှောက်ပြီး တစ်ခုခုကို ငုံ့ရေးနေရာမှ စိတ်ပျက်သွားဟန်နှင့်အတူ ကျစ်ခနဲညည်းမိသည်။ ရေးသမျှ ဘာတစ်ခုမှ စိတ်တိုင်းမကျသေးတဲ့အထဲ တစ်ခုခုလွဲသွားသလို ခံစားမိပြန်သည်။ ထိုသူ၏ ဘေးမှာတော့ စန့်စန့်ကြီး ငြိမ်သက်နေသော ကုတင်ကြီးတစ်လုံးရှိသည်။

အရူးအိပ်ရာကဲ့သို့ ထိုကုတင်ထက်တွင် ရှုပ်ပွနေသော အိပ်ရာနဲ့မသက်ဆိုင်သည့် ပစ္စည်းများ ပြန့်ကျဲလျက်ရှိသည်။ အများစုမှာ စာအုပ်တွေနဲ့ စာရွက်တွေသာဖြစ်ပြီး ပုလင်းကြီးငယ် အသွယ်သွယ်နှင့် ဖိတ်ကျန်နေသော အရည်တစ်ချို့လည်းရှိသည်။

ကုတင်ကြီးတစ်ခုလုံးကို ဘေးမှာထားပြီး ကြမ်းပြင်မှာ ဝမ်းလျားမှောက်လျက်လှဲနေသော အနှီလူသားကိုမြင်ရင် မြင်သောသူအတွက် အသည်းယားစရာ ကောင်းနေလိမ့်မည်။ ထိုလူ၏ နှုတ်ခမ်းတို့မှာ ကွေးညွတ်သွားသော်လည်း ပြုံးတာတော့မဟုတ်။ တစ်ခုခုကို အလေးအနက်တွေးနေရာမှ သဘောပေါက်ပြီ ဟူသောအထာဖြင့် သူပြုလုပ်နေကြဖြစ်သော အမူအရာတစ်ခုပင်ဖြစ်သည်။ ထို့နောက် စာအုပ်ပေါ် တစ်စုံတစ်ခုကို ချရေးနေသည်။ ခပ်ငိုက်ငိုက်ဖြစ်လာသော ခေါင်းပေါ်တွင် ဖရိုဖရဲ ဆံပင်စတို့က မျက်လုံးများကို ဖုံးအုပ်နေလျက်။

FAKEWhere stories live. Discover now