Unicode
လေးလံနေသောခြေလှမ်းတွေနဲ့ Jaewon ဆီကပြန်အလာ Hoseok တစ်ယောက် ရင်ထဲမှာတင်းကျပ်နေသည်။
ကားကိုအမြန်မောင်းနှင်ပြီး နားနေသော Dorm ဆီ ပြန်ခြေချရသည်။ ရေချိုးပြီး ညနေစားစားရမယ့်အချိန်ရောက်လာပြီ ဖြစ်သော်လည်း ဘာမှမစားချင်တော့ဘဲ အပြင်မှာပဲထွက်နေချင်မိတော့၏။
"ဒါရိုက်ဘာဟန် ကျွန်တော့်ကိုကားသော့ပြန်ပေးပါ"
"ဘယ်သွားမလို့လဲ"
"စိတ်ရှူပ်နေလို့ တစ်နေရာရာသွားချင်တယ်"
"လိုက်ပို့ပေးမယ်လေ"
"မဟုတ်ဘူး ကျွန်တော်တစ်ယောက်ထဲသွားမလို့"
အလျင်စလိုဖြစ်နေတဲ့သူ့ကို ဒါရိုက်ဘာဟန်က နားမလည်နိုင်စွာကြည့်ရင်း တွန့်ဆုတ်ဆုတ်နဲ့ ကားသော့ကိုကမ်းပေးရင်း
"မင်းနော် တစ်ခုခုသတင်းကြားရင် သူဠေးကငါတို့ကိုအရင်သတ်မှာ"
"အဲ့လိုဖြစ်စရာလားဗျာ ကျွန်တော့်ကိစ္စ ကျွန်တော်တာဝန်ယူပါတယ်"
တစ်ချက်ပြုံးပြရင်း ခပ်သာသာပင်ကျောခိုင်းထွက်လာတော့ ကျန်ရစ်ခဲ့တဲ့ သက်ပြင်းချသံတစ်ခု။
မတတ်နိုင်ပါလေ။ သူကိုယ်တိုင်လဲ ခုတစ်လောစိတ်နဲ့ကိုယ်နဲ့ ကပ်တော့တာမဟုတ်။ Jaewon ပြောလိုက်တဲ့စကားတစ်ခွန်းဟာ နဂိုထဲကမတည်ငြိမ်သော သူ့ကိုပိုပြီး စိတ်နဲ့ကိုယ်နဲ့မကပ်စေတော့တာဖြစ်၏။
မင်းဘဲကြီးကအသစ်တွေ့နေပြီဆိုလား
ဟားးး ဒီကောင်ကဘာကောင်မို့ ငါ့ဘဲကြီးအကြောင်းသိနေရတာလဲ။
သွေးတွေပွက်ပွက်ဆူလာကာ Hoseok ကား steering အား တင်းတင်းဆုပ်ကိုင်လိုက်သည်။ ကားမောင်းနေချိန်မှာ စိတ်နဲ့ကိုယ်နဲ့စုစည်းထားမှ ဖြစ်မည်မဟုတ်လား။
"Min Yoongi... ခင်ဗျားကတကယ်ပဲလား"
အသံထွက်ကာ တစ်ကိုယ်ထဲမေးမိရင်း ခပ်ဟဟရယ်မိသည်။
သူ Yoongi ကို ကိုယ်တိုင်မေးကြည့်လိုက်ရမလား
အဲ့လိုမေးလိုက်ရင်ရော ရလာမယ့်အဖြေကကောင်းပါ့မလား။