Unicode
စိမ်းလန်းသက်ဝင်မှုကင်းတဲ့ညနက်ချိန်တစ်ချိန်မှာ
တွေ့ဆုံကြတဲ့လူနှစ်ယောက်ရှိသည်။ချစ်သူဆိုတဲ့ သတ်မှတ်ချက်တစ်ခုအောက် ရူးမိုက်စွာပျော်ဝင်ခဲ့ကြဖူးသူတွေပေါ့။
အရမ်းကိုချစ်ကြသော်လည်း ဘာမှန်းမသိတဲ့ ခံစားချက်ကိုယ်စီဖြင့် အခြေအနေဟာ သူတို့ကို နီးရက်ဝေးကွာနေစေသလို။
အခုတော့ကြည့် စကားဝိုင်းက တိတ်ဆိတ်ခြောက်ကပ်လို့။
ကြယ်တစ်ချို့လင်းလက်နေသော ကောင်းကင်နက်ပြာရောင်အား ရီဝေဝေငေးကြည့်နေတဲ့ Hoseok ကို Yoongi လှမ်းကြည့်နေမိသည်။
Hoseok ပြောသလို မြို့တစ်ပတ်ကားစီးရင်းလျှောက်လည်ကြမယ့် အစီအစဉ်လည်းမလုပ်ဖြစ်ခဲ့ပါ။ အဲဒီ့အစား Hotel တစ်ခုရဲ့ မိုးမျှော်ထပ်ကို သီးသန့်ငှါးပြီး လေညင်းခံဖြစ်ခဲ့၏။
်ထိုနေရာဟာ ဝိုင်သောက်ရင်း စကားအေးဆေးပြောဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ Vip တွေ အနားယူတဲ့ ထိပ်တန်း ကြယ်၅ပွင့် Hotel တစ်ခုဖြစ်တာကြောင့် privacy အတွက်တော့ စိတ်ပူစရာမလိုအပ်ပေ။
Jung Hoseok ကို မတွေ့ရရင်မနေနိုင်အောင် သတိရခဲ့ဖူးသည်။ တကယ့်တကယ် တွေ့ဖြစ်တော့လည်း ပြောရမယ့်စကားတွေက ထင်သလောက်မရှိ။ Yoongi ကိုယ်တိုင်လည်း အံ့သြမိသည်။
Hoseok ကိုယ်တိုင်လည်း နားလည်ရခက်အောင် ငြိမ်သက်နေလွန်းသည်။ ဒီအခြေအနေကြီးကို Yoongi မနေတတ်တော့။ နောက်ဆုံး စကားစရှာလိုက်သည်။
"သတိရလို့ ကိုယ့်ကိုခော်တယ်ထင်မိတာ
အမှန်တော့အခုလို မျှော်စင်ကနေ ကြယ်တွေလှမ်းကြည့်ချင်လို့ ခေါ်လိုက်တာကိုး''Hoseok ကြယ်တွေကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ခေါင်းညိမ့်ပြသည်။ ကဗျာဆန်တတ်သော ချစ်သူကောင်လေးကို နှစ်သက်သောအပြုံးနဲ့ Yoongi ကြည့်လိုက်ရင်း အလိုက်တသိ ပြန်ငြိမ်နေလိုက်သည်။
"ချစ်သူဖြစ်ခါစက ခင်ဗျားပြောဖူးသလိုပဲ လမင်းမရှိတဲ့ကောင်းကင်ကြီးကကြည့်လို့မလှဘူးတဲ့ ဒါပေမယ့် အခု ကျွန်တော့်မျက်စိထဲမှာတော့ ကြည့်လို့လှနေတယ်''