VIII

1.2K 184 36
                                    

Unicode

"တောက်"

ရုံးခန်းထဲပျံ့လွင့်သွားတဲ့ ကျယ်လောင်သော တောက်ခေါက်သံနဲ့အတူ အကြီးအကျယ် ဒေါသထွက်နေသော Min Holly ရဲ့ CEO တစ်ဖြစ်လဲ Min Yoongi ...။

"အဲ့ဒါဘယ်သူ့လက်ချက်လဲ"

သူ့အသံတွေ တဆတ်ဆတ်တုန်နေသည်။ သိလိုက်ရပြီ။ Fake Love ဆိုတဲ့ စာအုပ်က သူ့အကြောင်းကို ရေးထားတာ။ အရှင်းဆုံးပြောရရင် သူနဲ့ Hoseok အကြောင်း။ အချိန်မတန်ခင် ပရိတ်သတ်တွေ ရိပ်မိသွားတာလည်း ဒါ့ကြောင့်ပဲဖြစ်မည်။

နဂိုထဲက လူမသိသူမသိ ခိုးတွဲလာရတဲ့အဖြစ်ကို ဖုံးဖိထားရာမှ ဘူးပေါ်သလိုပေါ်သွားခဲ့တာ။ Min Yoongi က Gay ဆိုတဲ့ ကောလဟလတွေ ထွက်ပြီး သူ့ဘက်ကမလုံခဲ့ပေမယ့် အဖုံးကောင်းတဲ့ နာမည်ကျော် Hoseok က သူ့ချစ်သူဆိုတာ ပရိတ်သတ်တွေ မရိပ်မိခဲ့။ အခုတော့ Fake Love ထဲက လိင်တူစုံတွဲရဲ့ Uke ဖြစ်တဲ့ character သည်လည်း rap အဆိုတော်တစ်ယောက်ဖြစ်ပြီး Hoseok နဲ့ အနီးစပ်ဆုံးတူတဲ့ ပုံစံမျိုးဖြစ်နေသည်။

သတင်းစပြန့်ပုံက ...

သူနဲ့ Hoseok နဲ့ လမ်းပေါ်မှာ စကားများတဲ့နေ့။ အဲ့အချိန် ချောင်းရိုက်ခံရတဲ့ ဓာတ်ပုံတွေ ထွက်ခဲ့သည်။ သို့ပေမယ့် ရိုးရိုးတန်းတန်း စကားရပ်ပြောနေတဲ့ ပုံတွေသာဖြစ်ပြီး လိင်တူချစ်သူလို့ ထင်စရာအခြေအနေမရှိ။ သူက Gay ဖြစ်ကြောင်းကိုလည်း ကောလဟလ အနေနဲ့သာ တချို့လူတွေ ပြောကြတာကလွဲ၍ သေချာစွတ်စွဲရန် လုံလောက်တဲ့သက်သေမရှိခဲ့။ ထို့ကြောင့် ပွက်လောရိုက်မှုက တစ်ပတ်နဲ့ပြီးသွားခဲ့သည်။

သို့သော် မီးလောင်ရာလေပင့်တဲ့ စာအုပ်တစ်အုပ်က သူနဲ့ Hoseok ကို တစ်ကျော့ပြန်နာမည်ကြီးစေခဲ့သည်။

CEO တစ်ယောက်နဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဆိုတဲ့ Fake Love ကြောင့် ... သူတို့နှစ်ယောက်ဟာဘာလားဆိုပြီး လူတွေ မေးခွန်းထုတ်စရာဖြစ်လာသည်။

Hoseok !! ကလေး ဘယ်လောက်တောင် ရှက်နေမလဲ။

ပြဿနာအရင်းအမြစ်က ဒီကောင်ပဲ။ လက်စသတ်တော့ ... သူနဲ့ Hoseok ရဲ့ ချစ်ခြင်းကိုခွဲခဲ့တာ။ တွေ့လို့ကတော့ အရှင်လတ်လတ် ဓားနဲ့မွှန်းပစ်မည်။

FAKEWhere stories live. Discover now