XVIII

988 134 54
                                    

Unicode

မိုးတဖွဲဖွဲကျဆင်းနေသော ရာသီဥတုနှင့် ဆိုးလ်ရဲ့ညနေခင်း။

ချမ်းစိမ့်ပြီး စိုစွတ်တဲ့ အအေးဓာတ်ကြောင့် အိမ်မှာအနားယူနေသင့်သော အချိန်တစ်ခုဖြစ်သည်။ သို့ပေမယ့် Hoseok ကတော့ ထုံးစံအတိုင်း အိမ်မှာမနေရ။ ကုမ္ပဏီရဲ့ Studio မှာ သီချင်းတိုက်နေရသည်။

မန်နေဂျာဖြစ်သူကလည်း အားတင်းပြီး ကောင်းကောင်းလုပ်ဖို့ ဘေးကနေ ကြီးကြပ်ပေးရှာပါသည်။ သို့သော် Jung Hoseok မှာ အလုပ်လုပ်နေရတာ စိတ်မပါ။ တစ်လွဲတွေလုပ်လုပ်မိနေသဖြင့် မန်နေဂျာဂင်က ဘာဖြစ်နေတာလဲလို့ မေးယူနေရသည်။

အမှန်တော့ ဘာဖြစ်နေတာလဲဆိုတာ Hoseok ကိုယ်တိုင်လည်းမသိ။

Recording လုပ်ပြီး Studio ကအထွက် စိတ်တွေလေးပင်နေသော Hoseok...

"အစ်ကို့ကိုကြည့်ရတာ မလန်းဆန်းသလိုပဲ"

မန်နေဂျာဖြစ်သူရဲ့စကားကို အဖတ်မလုပ်ဘဲ ရေဘူးသာမော့သောက်နေလိုက်သည်။

"ခုတလော စိတ်မငြိမ်ဘူးလား အဆင်ပြေရဲ့လား"

အဆင်မပြေမှန်းသိသာနေတာကို ပြေပါတယ်လို့ ညာမပြောချင်တာမို့ သူ ခေါင်းသာညိတ်ပြမိသည်။

"ဟိုဘဲကြီးနဲ့အဆင်မပြေတာလား"

ထိုစကားနောက်မှာ လက်ထဲကရေဘူးကို ပိန်ချိုင့်သွားအောင် ကျစ်ခနဲဆုပ်လိုက်မိပြီး

"အဲ့တာခင်များကိစ္စမို့လို့လား လိုက်မမေးနဲ့"

ခပ်အေးအေးပင်ဆိုလိုက်သော်လည်း စကားလုံးတွေကပြင်းတာမို့ မန်နေဂျာခမျာ တိခနဲငြိမ်သွားရသည်။ ဟုတ်သည်လေ။ တခါတလေတော့လည်း မန်နေဂျာက သူ့ကိုကြောက်တဲ့အချိန် ဆိုတာ ရှိအုန်းမှမဟုတ်လား။ နောက်မို့ဆို နေရာတကာ စပ်စုလွန်းသည်။

အမှန်ဆို မန်နေဂျာဂင်က သူနဲ့ Min Yoongi အကြောင်း သိသွားတာ မကြာလှသေးပေ။ ဟိုတလောက ကောလဟလတွေ ထွက်ကထဲက သူရှင်းပြလိုက်တာဖြစ်သည်။

ငြိမ်သက်နေသော ပတ်ဝန်းကျင်မှာ Hoseok တစ်ယောက် စိတ်တွေရှူပ်ထွေးနောက်ကျိလျက် ကျန်နေသည်။ မနက်ကလည်း Saesang fan တွေရဲ့နှောင့်ယှက်မှုကို ခံရသေးသည်။ Message တွေကလည်း အစောင်၂ဝဝကျော် ရထားသည်။ သူဖုန်းနံပါတ်ပါထပ်ပြောင်းရတော့မည်။

FAKEWhere stories live. Discover now