XXIV

598 75 20
                                    

Unicode


ကြယ်ရောင်စုံလင်းလက်တဲ့ ဒီညလေးဟာ Yoongi ရဲ့ အပျော်ဆုံးညတွေထဲက တစ်ခုအဖြစ်တည်ရှိနေသည်။ အချစ်ဆိုတာထူးဆန်းတယ်မလား။ အရင်ကလည်း တစ်စုံတစ်ယောက်ကြောင့်
သူ့ရဲ့ညတွေ လှပခဲ့ဖူးသလို တစ်ချိန်မှာ အခြားသောတစ်ယောက်ယောက်က ထိုနည်းတူ သူ့ရဲ့ညတွေကိုလှပစေလာလိမ့်မည်လို့ ဘယ်သူကမျှော်လင့်မိမှာလဲ။

တကယ်တော့အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း သက်သက်မဟုတ်။ ရယူခြင်းသက်သက်လည်းမဟုတ်ပေ။ ချိုမြိန်ခြင်းနှင့်ခါးသီးခြင်းရောစပ်သော ခံစားချက်မျိုးစုံပေးနိုင်သည့် အမည်နာမတစ်ခုဖြစ်သည်။

သူတို့နှစ်​ယောက် လသာဆောင်မှာ အေးအေးလူလူ ထိုင်နေကြသည်။ အေးချမ်းတိတ်ဆိတ်သော ပတ်ဝန်းကျင်နှင့်အပြိုင် ငြိမ်သက်စွာ Yoongi ရဲ့ပုခုံးကိုမှီထားတဲ့ Jimin ခေါင်းလေးအား စောင်းငဲ့ကြည့်ရင်း Yoongi ပြုံးမိသည်။ Yoongi သည် Jimin အား အများကြီးပင်ပန်းစေခဲ့ပြီးပြီမို့ အခုအချိန်မှာ Jimin အတွက် အနားယူရာ ရင်ခွင်လေးတစ်ခု ပေးဆပ်ချင်သည်။

Jimin ၏ နီကျင့်ကျင့်ဆံပင်စတချို့က နဖူးထက်မှာဝေ့ဝဲလျက် လေပြေများက ကျီစယ်တော့ နှုတ်ခမ်းဖူးဖူးလေးက လှုတ်ခတ်သွားသည်။ လှလိုက်တဲ့ကဗျာလေး။ ပုခုံးပေါ်မှီထားတဲ့ Jimin ရဲ့ခေါင်းလေးကို သူပွတ်သပ်ပေးမိပြီး Jimin မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေမိသည်။

သေချာသည်။ Jimin ကလွဲ၍ ဘာအကြောင်းကိုမှ သူမစဉ်းစားချင်တော့။ စဉ်းစားမိသည်နှင့် အပြစ်သားတစ်ယောက်လို မိမိကိုယ်ကို ရွံမုန်းရသလို အရာအားလုံးအတွက် အဆင်မပြေသလိုခံစားရရုံကလွဲရင် ပျော်ရွှင်စရာဆိုတာမရှိ။ ထို့ကြောင့် ဖြစ်နိုင်ရင် Jimin မျက်နှာကိုသာကြည့်ကာ တစ်သက်လုံး Jimin နဲ့ပတ်သတ်တဲ့အကြောင်းတွေပဲ ထိုင်စဉ်းစားချင်တော့သည်။

ထိုအခိုက် အမှတ်မထင် Jimin လက်ထဲက ဖုန်းလေးဟာ ထလင်းလာခဲ့သည်။ သူငုံ့ကြည့်မိရာ ဖုန်းလာတာမဟုတ်ဘဲ message လာတာဖြစ်နေ၏။ ညနက်တဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်သူက သူ့ချစ်သူ Jimin ဆီကို message ပို့နိုင်သည်လဲ။ Yoongi စိတ်ထဲထစ်ခနဲဖစ်ကာ ဖုန်းကို ယူကြည့်လိုက်သည်။ Jimin ကတော့သိပုံမရပေ။ ပင်ပန်းပြီးအိပ်ပျော်နေဆဲ။

FAKEWhere stories live. Discover now