XXII

634 85 30
                                    

Unicode

ထိုည...

လမ်းမီးအချို့ရှိသော်လည်း ညနက်ချိန်မို့ ခပ်လှမ်းလှမ်းကကြည့်ရင်မသဲကွဲသည့်အနေအထား။ Hoseok ကို ကားအပြင်မထွက်ဖို့ ဒါရိုက်ဘာဟန်က တားတာကို မရမကထားခဲ့ပြီး Min Yoongi တို့ရှိရာ ကားဆီ တန်းတန်းမတ်မတ် လာခဲ့ခြင်းဖြစ်သည်။

ဒီလို ပင်ပင်းတိုးဖို့အချိန်ကို စိတ်ရှည်ရှည်နဲ့ သူစောင့်ခဲ့ရတာလေ။

မောင်မင်းကြီးသားနှင့် Jimin ကိုမြင်တော့ Hoseok အံသြဟန်မပြခဲ့။ အကြောင်းမှာ အစထဲကရိပ်မိနေပြီး စိတ်ကိုပြင်ဆင်ထားခဲ့သောကြောင့်ဖြစ်သည်။

သူလည်း idol တစ်ယောက်ပဲမို့ အတန်အသင့်တော့ရင့်ကျက်ပါသည်။
နာကျင်ခြင်းဆိုတာကို မရှောင်လွှဲနိုင်ပေမယ့်လည်းပေါ့။

သူ့ကိုမြင်သည်နှင့် ကွက်ခနဲပျက်သောထိုမျက်နှာ။ စိုးရိမ်တကြီးဟန်ဖြင့် Yoongi...
ထိုအကြည့်ထက် ခံရခက်သည်မှာ Park Jimin ၏ မှင်သေသေအကြည့်။

မင်းအနေနဲ့ ပိုပြီးမလုံမလဲ ဖြစ်သင့်တာမဟုတ်ဘူးလား။

Hoseok တွေးနေရင်း အိပ်ကပ်ထဲက စီးကရက်တစ်လိပ်ကိုဖွာရှိူက်ကာ Yoongi အလာကိုစောင့်နေမိသည်။ ဟိုကောင်လည်းပါလာမှာပါ။ ပြသနာကို အေးအေးလူလူ ဖြေရှင်းကြတာပေါ့။

ငါ အတင်းအကျပ်တော့ ဝန်ခံခိုင်းမှာမဟုတ်ဘူး။ မင်းတို့ရဲ့အခြေအနေကိုကြည့်အုန်းမှာ...။

Park Jimin ဆိုတဲ့ သူကိုနောင်တရစေချင်ခြင်းသည့် သူ့ရဲ့အဓိကဆန္ဒဖြစ်ခဲ့သည်။

ကာယကံရှင်ဖြစ်တဲ့ Min Yoongi ဆိုတာ လွယ်လွယ်စိတ်ယိုင်တတ်တဲ့သူမဟုတ်။ သူ့ရဲ့ သဝန်တိုစိတ်ကြောင့် Min Yoongi အထင်လွဲခဲ့ဖူးတာသာရှိခဲ့ပြီး ဖောက်ပြန်သည်ဆိုလောက်တဲ့ လုပ်ရပ်မျိုးလည်း Min Yoongi မလုပ်ခဲ့ဖူးပေ။ သူလည်း Min Yoongi ကို ယုံခဲ့သည်။

ဘယ်လိုနည်းလမ်းတွေနဲ့ Min Yoongi လို ရေခဲတုံးလူသားကို ဆွဲဆောင်လိုက်တာများလဲလို့ နှစ်ယောက်ထဲတွေ့ရင်မေးကြည့်ရမည်။

ထို Park Jimin ဆိုတဲ့လူသာရောက်မလာခဲ့ရင် သူ့နှလုံးသား အခုလိုနာကျင်နေရမည်မဟုတ်။

FAKEWhere stories live. Discover now