III

1.7K 204 31
                                    

#UNICODE_VERSION

"Oppaaaaaa Jhope"

"Oppaaaa"

"Saranghae Saranghae"

အများစုက ကျောင်းဝတ်စုံများဝတ်ဆင်ထားပြီး လွယ်အိတ်လေးတွေနဲ့ ဆယ်ကျော်သက် ကောင်မလေးများရဲ့ တဟေးဟေးတအားအား အော်သံများကို သူ mask အောက်မှ တစ်ချက်ပြုံးပြပြီး တုံ့ပြန်လိုက်သည်။ ထို့နောက် ကားပေါ်သို့ စမတ်ကျစွာ ခပ်သွက်သွက် လျှောက်နေသော ခြေလှမ်းများ။ ဝတ်ထားသော အဝတ်အစားတွေက ပြောင်လက်လက် ထမနေပေမယ့် စျေးကြီးတံဆိပ် အသုံးအဆောင် များဆိုတာ သိသာသည်။ အနက်ရောင် mask တစ်ခုကိုလည်း ကျကျနန တပ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထား၏။ ကားပေါ်တက်အပြီး ဝူးခနဲမောင်းထွက်သံနဲ့အတူ ကင်မရာတွေရဲ့ တဖျတ်ဖျတ် ဆူညံသံများ၊ မိန်းကလေးများ၏ အော်ဟစ်သံ၊ ပြေးလွှားသံတွေက အနောက်မှာ ပွတ်လောရိုက်ကျန်ခဲ့ကြသည်။

Hoseok အမည်းရောင်ကားမှန်ကနေ ညနေပိုင်း မြို့ပြရဲ့ မြင်ကွင်းကို ခံစားရင်း ear phone တစ်ဖက် ကောက်တပ်လိုက်သည်။ ရုတ်တရက် ဒါရိုက်ဘာအား ပြောရန်သတိရသွားပြီး

"ဒါရိုက်ဘာဟန် မြောင်ဒုံ ကို ပို့ပေးပါ"

"အိမ်မပြန်ဘူးလား ... အစ်ကို Jung"

"အင်း ကျွန်တော်ကိစ္စတစ်ခုရှိသေးလို့"

"မြောင်ဒုံ ဘယ်နားလဲ"

"ပန်းခြံနားအထိပဲ"

"ပန်းခြံသွားမှာလား အထဲထိ ပို့ပေးပါ့မယ်"

"ကျွန်တော့်ဘာသာ သွားပါရစေ"

ဒရိုက်ဘာဟန် အထွန့်မတက်တော့။ တစ်ဇွတ်ထိုး လုပ်တတ်သော Hoseok အကြောင်းသိသူ ပီပီ
သက်ပြင်းခပ်တိုးတိုးသာချပြီး မြောင်ဒုံ ရက်ကွက်ဆီ ဦးတည်သည်။ အမှန်တော့ Hoseok သွားချင်တာ မြောင်ဒုံမဟုတ်။ မြောင်ဒုံနဲ့ နီးသော ရက်ကွက်တစ်ခု။ တိတိကျကျပြောရရင် Min Holly ဆိုသော ကုမ္ပဏီရှိသော မြောင်ဒုံနဲ့အနီးဆုံးရက်ကွက်။

တကယ်တော့ သူ့ခေါင်းထဲမှာ တစ်နေ့တာဇယားတွေ၊ ဖျော်ဖြေရေးတွေ ပြီးကထဲက ဘယ်သွားမယ် ဘာလုပ်မယ်ဆိုပြီး သူ့အစီအစဉ်နဲ့သူ ရှိပြီးသားဖြစ်သည်။
မန်နေဂျာဂင် ကိုလည်း ညနေပိုင်း schedule ပြီးကထဲက ပြန်ခိုင်းထားလိုက်သည်။ သူ့ Agency က ခွင့်မပြုပေမယ့် နားလည်မှုနဲ့ မန်နေဂျာက တစ်ခါတလေတော့ သူ့ကို တစ်ယောက်ထဲ ပေးနေပါသည်။ တကယ်တော့ ... တစ်နေ့မှာ တစ်ကြိမ်လောက်တော့ သူ့အတွက် ကိုယ်ပိုင်အချိန် ဆိုတာလည်း ရှိသင့်သည်မလား။

FAKEWhere stories live. Discover now