Unicode
"ကိုယ် လာခဲ့မယ်"
Min Yoongi မငြင်းသာတော့။ ဒီလိုအခိုက်အတန့်မျိုးကို ဘယ်လောက်တောင် မျှော်လင့်ခဲ့ရသလဲ သူကိုယ်တိုင်သာ အသိဆုံးမို့။ ဒီညနေ မအားလို့သာ။ ဖြစ်နိုင်ရင် အခုတောင် ချက်ချင်း ပြေးတွေ့ချင်နေပြီ။
"ဒါနဲ့ Baby အသံက ဘာဖြစ်နေတာလဲ အားမရှိဘူးလား"
ပုံမှန်ဆို အသံမာမာနဲ့ စကားပြောတတ်တဲ့ ကိုယ့်ချစ်သူအကြောင်း သိသူပီပီ စိတ်ပူကာ မေးလိုက်မိပါသည်။
"အင်း နည်းနည်းစိတ်ညစ်နေလို့ ... ညကျရင်
လာဖြစ်အောင်လာခဲ့"Hoseok ဖုန်းချသွားသည်။ Yoongi သက်ပြင်းတိုးတိုးသာ ချရင်း ကားလေးက ကုမ္ပဏီကားပါကင်ထဲ ဝင်လာခဲ့သည်။
ဒီနေ့တော့ စိတ်ရှူပ်ထွေးစရာအခြေအနေတွေ ကြုံခဲ့ရပေမယ့် ညကျရင် ရင်ခုန်စရာကောင်းတဲ့ အိုအေစစ်လေးနဲ့ ဆုံတွေ့ရတော့မည်မို့ အလုပ်ကောင်းကောင်းလုပ်ရန် အားတင်းထားလိုက်သည်။
"သူဌေးလာပြီ"
ကုမ္ပဏီထဲ ပြန်လည်ခြေချလိုက်တာနဲ့ စီခနဲ အသံတိတ်သွားပါတဲ့ ဝန်ထမ်းတွေ။
တိတ်ဆို Min Yoongi ပါဝါက မသေးဘူးလေ။ ခပ်တည်တည်နေလိုက်တာနဲ့ ကြောက်စရာကောင်း အဲလေ လူရှိန်စရာကောင်းတဲ့ ဥပဓိကရှိပြီးသား ဖြစ်တာမို့။ မထင်ရင်လည်း မထင်သလို ပြတ်ပြတ်သားသား ပြောတတ်သော CEO ပီသတဲ့ အကျင့်ကြောင့်လည်း ပါမည်။
"Meeting အတွက် အဆင်သင့်ဖြစ်ပါပြီ သူဌေး နေရာက ...... Hotel မှာပါ"
"ဟုတ်ပြီ ဒါရိုက်ဘာကိုခေါ်လိုက်တော့"
အပေါ်ကုတ်အင်္ကျီကို လွှားခနဲ ထပ်ဝတ်လိုက်ရင်း ပြောလိုက်တော့ ကုပ်ချောင်းချောင်းနဲ့ ပြန်ထွက်သွားတဲ့ Nana ...။ မနက်က ကိစ္စကြောင့် သူ မျက်နှာပူ နေသော်လည်း မသိချင်ယောင်သာ ဆောင်နေလိုက်သည်။ အဲ့လိုမှ မဟုတ်ရင်လည်း ကုမ္ပဏီမှာ ဒီလူနဲ့ဒီလူက ရှောင်နေလို့ရတဲ့ လူတွေမဟုတ်။
...
...
...ကားလေးက meeting ထိုင်ရမည့် Seoul မြို့ရဲ့ အကောင်းဆုံး Hotel တစ်ခုဆီသို့။ ကားထဲ ပါလာတဲ့သူတွေက Min Yoongi ရယ် ဒါရိုက်ဘာရယ် လက်ထောက်မင်ဟွန်းတို့ သုံးယောက်။ တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ အပြင်ကိုသာငေးကာ တိတ်ဆိတ်နေတဲ့ Min Yoongi ...။