အချစ်က....
မျက်နှာလိုက်ပြီး....
ပေါက်ဖွားလေ့မရှိဘူး....ဘီလူးနှင့်လူ...
ဖူးစာဖက်ကြတယ်...
အရမ်းချစ်ကြတယ်...
ရာဇဝင်မှာလဲ...
ရှိခဲ့တယ်....
ရာဇဝင်ထဲမှာ....
ကြေကွဲခြင်းနဲ့ အဆုံးသတ်ရတယ်...
ဒါဆို.....
အခုရော...
အဆုံသတ်က...လှပ နိုင်ပါ့မလား?????@@@@@@@
'ဟာ...ကြွေခွက်ပုံစံနဲ့ လက်စွပ်လေးပါလား..
တစ်သက်နဲ့တစ်ကိုယ် ဒီလို ဒီဇိုင်းမျိုးမတွေ့ဖူးဘူး...
ဘယ်သူ ကျ ပျောက်သွားတာလဲ မသိဘူး..
ပိုင်ရှင်တော့ နှမြောပြီး ငိုနေတော့မှာပဲ....''ကျိုက်ထီးရိုးမှ အပြန် ရေတံခွန်တွင် လာကဲစဉ်
ကျောက်တုံးပေါ်တွင် အမှတ် တမဲ့ တွေ့လိုက်ရသော.ကြွေခွက်ပုံစံ လက်စွပ် အား ကောက်ယူရင်း စိတ်ထဲ ပြောမိသည်။လက်စွပ်ကို ကြည့်၇င်း ကြည့်၇င်း
စိတ်ညို့ခံလိုက်ရသလို ခံစားလာမိသည်။
၀တ်လိုက် ၀တ်လိုက် ဟု ပြောနေသံကိုလဲ နားထဲ ကြားမိသည်
ထို့နောက်...
ကိုယ်တိုင်ပင် မသိလိုက်ပဲ ထို လက်စွပ်အား
မိမိ၏ လက်သူကြွယ်တွင် ၀တ်မိလျက်သား ဖြစ်သွားသည်။''ဟျောင့် မြတ်ကာရန် ရေလာ ကူးလေ.. ဘာလုပ်နေတာလဲ....''
''သြော် အင်း အင်း လာပြီ...''
ရုတ်တ၇က် မိမိလက်ပေါ်မှ
လက်စွပ်အား ချွတ်မည် ပြင်ဆင်ချိန်တွင်...
အ၇မ်းကျပ်နေသော်ကြောင့် ချွတ်လို့မရပေ.။"၀င်တုန်းက ချောင်ချောင်ချိချိ ၀င်သွားတာ
အခုမှ ဘယ်လိုဖြစ်ပြီး လာကြပ်နေတာပါလဲ.. "အားကုန် သုံးကာ ချွတ်ပါသော်လည်း... မ၇ပေ။
လက်သူကြွယ်ရဲ့ အရေပြားတို့ပင် နီရဲကာ အနည်းငယ် ပွန်းပဲ့ စ ပြုလေပြီ...''ဟျောင့်တွေ လာကြပါဦးဟ....
ငါ့ကို ဒီလက်စွပ် ဝိုင်းကူ ချွတ်ပေးကြပါကွာ..
ဘယ်လို ချွတ်မရဘူး...''

YOU ARE READING
ခေတ်သစ်မီးခွက်စောင့်ဘီးလူး၏ဖူးစာရှင်(BL )
Fantasía#Unicode စစ်ရှူံးကာ ကျိန်စာမိသွားရသော ဘီလူး တိုင်းပြည်ရဲ့ ဘုရင်ဟာ..မီးခွက်ပုံစံ လက်စွပ် အတွင်း လှောင်ပိတ်ခြင်း ခံခဲ့ရသည်... တစ်နေ့တွင် ထို ဘီလူးအား ကျိန်စာမှ လွတ်မြောက်အောင် ဖန်တီးပေးလိုက်သော လူသားကောင်လေးနှင့် ဆုံတွေ့ခဲ့ရသည်. မီးခွက်စောင့်ဘီလူးတစ်က...