“အဖေ နောက်အိမ်ထောင်ပြုတော့မယ် သား..."
နားထဲ၌ အနီးကပ် ပေါက်ကွဲသွားသော ဗုံးတလုံး
“ဟင့်အင်း!ကျွန်တော် သဘောမတူဘူး အဖေ"
ချစ်လှစွာသော သားဖြစ်သူ Do Kyungsoo စကားကြောင့် စံအိမ်တော် သခင်ကြီးဒိုယောင်ဂျွန်း ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်ပါသည်။
“အဖေက သားဆီကနေ ခွင့်ပြုချက်တောင်းနေတာမဟုတ်ဖူး...! သားတယောက်အနေနဲ့ သိသင့်တယ်ထင်လို့ အသိပေးရုံသက်သက်ပါ"
ပြီးသွားပြီပေါ့ စကားက ကုန်သွားခဲ့ပြီ အဖေနဲ့သူ့ရဲ့ကြားဆက်ပြောစရာမရှိတော့
“ကျွန်တော့တောင်းဆိုချက်က အရေးမပါဘူးမလား? အသိပေးစရာလည်းမလိုပါဘူး! အဖေ့စိတ်တိုင်းကျ ကြိုက်သလိုလုပ်ပါ အဲ့ဒီလိုပဲ သားဘ၀ကိုလည်း သားစိတ်တိုင်းကျ တည်ဆောက်မယ် အဖေ၀င်ပြီးမစွတ်ဖက်ပါနဲ့"
အဲ့ဒီဆွေးနွေးမှုနာက်ပိုင်းတွင် အဖေနဲ့ သူစကားမပြောဖြစ်တော့ပါ
စကားမပြောဖြစ်တာထက် မျက်နှာချင်းပင် မဆုံဖြစ်ကြတော့ပါ
သူ့ဘက်က တမင်တကာ မဆုံဖြစ်အောင် ရှောင်နေခြင်းဆို ပိုမှန်ပါလိမ့်မည်။
နောက်ဆုံးတော့ အဖေက 'ကင်ဆိုဟီး'ဆိုသည့် မိန်းမကို အိမ်ပေါ်ခေါ်တင်လာခဲ့ပါတော့သည်။
~•~•~•~•~•~•~•~•
“သခင်လေး မိုးမှုန်လေးတွေကျလာပြီ အိမ်ထဲဝင်ကြရအောင်လေ"
အတိတ်ရဲ့ ခေါ်ဆောင်ရာနောက်သို့ kyungsoo ဘယ်လောက်ကြာအောင် လိုက်သွားမိသည်မသိ သူ့ကိုယ်ပေါ်သို့ မိုးမှုန်လေးတွေကျလာသည်ကိုပင် သတိမထားမိလိုက်ပါ
“ကျွန်တော် စုံစမ်းခိုင်းထားတဲ့ကိစ္စ သိရပြီလား ဦးလေးchen"
နှစ်ယောက်သား စံအိမ်ဘက်ဆီ လျောက်လာခဲ့ရင်း အိမ်တော်ထိန်းလည်းဖြစ် လူယုံကြီးဆိုလည်းမမှားသည့် ဦးလေးchenအား စုံစမ်းခိုင်းထားသည့်ကိစ္စကို မေးကြည့်လိုက်ပါသည်။
“ဟုတ်ကဲ့ သခင်လေး သိခဲ့ရပါပြီ"
“ဘာတဲ့လဲ ဘယ်လိုလဲ"