လိုက်လာခဲ့မယ်မှန်း တပ်အပ်သိပေမဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိပါတယ်
ကိုယ်တိုင် တယုတယစိုက်ပျိုးထားသော နှင်းဆီပန်းပင်လေးတွကို မြေတောင်မြှောက်ပေးရင်း တစ်ချက်တစ်ချက် ခြံတံခါးဝကြီးဆီသို့သာ မျှော်ကြည့်နေမိပါသည်။
ဝါနေသည့် သစ်ရွက်လေးတွေကို ခြွေချနေစဉ် ကားဝင်လာသံကြားသောကြောင့် လှမ်းကြည့်လိုက်ပါသည်။ တွေ့ရပါပြီ ခြံထဲသို့ ဝင်လာသော သူ့ရဲ့စီးတော်ယဉ် အနက်ရောင်ကားကြီး
ယဉ်မောင်းနေရာမှ တံခါးဖွင့်ဆင်းလာတဲ့ဦးလေးChenက အနောက်ဘက် ကားတံခါးကို ခေါက်လိုက်ပြီး
“ဆင်းလာတော့လေ ကောင်လေး"
~•~•~•~•~•~•~•~•~•
တံခါးဖွင့်ပြီး ကားပေါ်မှဆင်းမည့်အရေး Jonginမှာ ဒူးတွေတုန်ချင်လာသဖြင့် ထိန်းနေရပါသေးသည်။
ရင်တွေခုန်လိုက်တာ အမေနဲ့တွေ့ရတော့မယ် အမေနဲ့ တမိုးအောက်မှာ အတူတူပြန်နေရတော့မယ် ၀မ်းသာစိတ်ဇောအဟုန်ကြောင့် ရင်ခုန်သံတွေမြန်လာခဲ့ပါသည်။
သူ့မှာပစ္စည်းပစ္စယတွေက သိပ်မပါ,ပါ အ၀တ်အစားလေး သုံးလေးငါးစုံထည့်ထားသည့် ကျောပိုးအိတ်ကလေးတလုံးသာ ပါလာခဲ့ပါသည်။
အရှ့မှ ဦးဆောင်သွားနေသော ဦးလေးကြီးအနောက်မှ Jongin လိုက်လာခဲ့ပါသည်။
နှင်းဆီပန်းပင်လေးတွေကို စိတ်ရှည်လက်ရှည် ပြုစုနေသော သခင်လေးဆိုသည့် ဟိုကောင်လေး...
သူတို့လာနေသည်ကိုတွေ့တော့ သခင်လေးက ကျောခိုင်င်းသွားပါသည်။
“သခင်လေး ကျွန်တော်တို့ရောက်ပါပြီ"
ဦးလေးChenက အရိုအသေပေးပြီး အသိပေးလိုက်ပါသည်။
သခင်လေးက လှည့်မကြည့်ပဲ နှင်းဆီပန်းပင်လေးကိုသာ တူးဆွမြေသြဇာထည့်နေရင်းဖြင့်
“ကောင်းပါပြီ သူ့ကို နေရမဲ့နေရာ လိုက်ပို့ပြီး လိုက်နာရမဲ့စည်းကမ်းတွေကို ပြောပြထားလိုက်ပါ ပြီးတော့ သူလုပ်ရမဲ့ တာဝန်တွေကိုလည်း ရှင်းပြထားလိုက်ပါ"