အချစ် ရက်စက်သည်(11)

1.2K 89 8
                                    

“ကျွန်တော် ဒီနေ့အိမ်ပြန်ဦးမယ်နော် သခင်လေး"

မနက်စာ စားသောက်ပြီးစီးချိန်တွင် Kim Jonginက အိမ်ပြန်ချင်သည်ဟု ခွင့်တောင်းလာခဲ့ပါသည်။

“ဘာလုပ်ဖို့လဲ?"

“ကိစ္စလေးရှိလို့ပါ သခင်လေး…"

“ငါသိလို့မရဘူးလား Kim Jongin"

“ပေးပြန်လိုက်ပါအချစ်ရယ်…သူလည်း ခဏတစ်ဖြုတ်တော့ အိမ်ပြန်ချင်ဦးမှာပေါ့… ပြန်ပါJongin!! ပြန်ပါ မင်းရဲ့သခင်လေးက ခွင့်မပေးလည်း ကိုယ်ခွင့်ပြုပါတယ်"

သခင်လေးရဲ့နံဘေးတွင်ထိုင်နေသော သူဌေးလေး Chanyeolက သူ့ကိုနားလည်ဟန်ဖြင့် အိမ်ပြန်ခွင့်ပြုပေးလိုက်ပါတယ်

“ပြန်ရမှာလားသခင်လေး"

“ပြန်ပေါ့"

“ဟုတ်ကဲ့ ညနေမိုးမချုပ်ခင် ပြန်လာပါ့မယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Doခြံဝန်းကြီးထဲဝင်ခါနီး သူ့စိတ်တို့ကို တင်းလိုက်ပါသည်။

အပြတ်ရှင်းမှရတော့မည်။ ကုမ္ပဏီဥက္ကဌရွေးပွဲလည်း ပြီးသွားပြီ အဖြေတခုကို ပြတ်ပြတ်သားသား လိုချင်ပြီ

“ဟယ် သားလေး!အမေ့သားလေး သတိရနေတာ အမယ်လေးးပိန်သွားလိုက်တာ သားရယ်"

အိမ်ထဲဝင်ဝင်ခြင်း အမေ့ကိုတွေ့လိုက်ရသဖြင့် ကျေနပ်သွားခဲ့ရပါသည်။

“အမေ သူဌေးဒို ရှိလား"

“ရှိတယ်သား ဒီနေ့ သူ ကုမ္ပဏီမသွားဘူး စာဖတ်ခန်းထဲမှာရှိတယ် ၀င်တွေ့လိုက် အမေ မင်းအတွက် ကော်ဖီဖျော်ပြီး ယူလာခဲ့မယ်"

“ဟုတ်ကဲ့ ကျွန်တော် ခဏ၀င်တွေ့လိုက်ပါဦးမယ်"

“အေး အေး"

||knock~~knock||

“၀င်ခဲ့ပါ"

“သြော် ဘယ်သူများလဲလို့ သမက်Kimပါလား… လာ!  ထိုင်ဦး"

“ဟုတ်ကဲ့ နေကောင်းတယ်နော် သူဌေး!"

“ကောင်းပါတယ်ကွယ် ဒါနဲ့ မင်းတို့လင်မယားရော အဆင်ပြေရဲ့လား"

“ကျွန်တော်ကွေ့ဝိုက်မနေတော့ဘူး သူဌေး… မေးစရာရှိတာကို ပွင့်ပွင့်လင်းလင်းပဲ မေးတော့မယ်"

အချစ် ရက်စက်သည်(Z+U)Where stories live. Discover now