မိသားစုရှေ့နေကြီးများ အသိမိတ်ဆွေ လေးငါးယောက်ခန့်နှင့်သာ သူနဲ့ Kim Jonginလက်ထပ်ပွဲ ပြီးဆုံးသွားခဲ့ပါသည်။
ဧည့်သည်များပြန်သွားကြသည်နှင့်
“ကဲ ကဲ သားငယ်လေးရော jonginရော နားကြတော့ အဖေလည်း ခဏနားလိုက်ဦးမယ်"
အဖေက သူတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး အပေါ်ထပ်အိပ်ခန်းထဲဝင်သွားခဲ့ပါတယ်
Kyungsooလည်းတနေကုန် စိတ်ရောလူရော ပင်ပန်းနေသဖြင့် အနားယူရန် သူ့အခန်းထဲဝင်လာခဲ့ပါတော့သည်။
သူ့အနောက်မှ ကပ်လိုက်လာသော ခြေသံကြားလိုက်ရသဖြင့် နောက်သို့လှည့်ကြည့်ပါသည်။
“ဟင်! Kim jongin! မင်းဘာလာလုပ်တာလဲ"
မမြင်မတွေ့ချင်တဲ့လူကို တွေ့မြင်လိုက်ရသောကြောင့် Kyungsoo စိတ်ရှုပ်စွာဖြင့် မေးလိုက်မိပါတယ်
မဟုတ်မှလွဲရော သူ့အခန်းထဲသို့ အရှက်မရှိ လိုက်ဝင်လာဖို့ စဉ်းစားရဲသေးတာလား
“ဟို ဟိုလေ ယောက္ခမကြီးက Jonginလည်း နားတော့ဆိုလို့ပါ"
Kim jonginရဲ့ပါးစပ်ကများ အဖေ့ကို ယောက္ခမကြီးလို့ခေါ်လိုက်တာတဲ့ မတန်မရာ နားခါးလိုက်တာ
“တိတ်စမ်းKim jonginငါ့အဖေ့ကို သူဌေးလို့ပဲခေါ် ယောက္ခမကြီးဆိုတာ Yeolတယောက်ပဲ ခေါ်ခွင့်ရှိတယ် နောက်ပြီး ငါ့ကိုလည်း မင်းနဲ့လက်ထပ်လိုက်တယ်ဆိုပြီး ငါ့ဘ၀ထဲ ၀င်ရောက်စွတ်ဖက်ဖို့မကြိုးစားပါနဲ့ ငါက မင်းရဲ့သခင်ပဲ နားလည်လား Kim jongin"
“ဟုတ်! ဟုတ်ကဲ့ပါ ကျွန်တော်မှတ်ထားပါ့မယ် သခင်လေး"
ချစ်သူရဲ့ နှုတ်ခမ်းဖျားက ထွက်လာသမျှစကား နာခံရန်အသင့်ပါချစ်သူရယ်...
“မင်းနားချင်တယ်ဆိုရင် အလုပ်သမားတန်းလျားဆောင်ပြန်လို့ရပြီ မနက်မှ ဦးလေးChenနဲ့ ခေါ်ခိုင်းလိုက်မယ်"
“ဘယ်လို!.."
“မရှင်းဘူးလား နောက်တခေါက်ထပ်ပြောရမလား"
“အာ____မဟုတ်ပါဘူး! သခင်လေးရယ် ဒါဆိုလည်း ကျွန်တော်ပြန်လိုက်ပါဦးမယ် သခင်လေး"