သူ့ရှေ့တွင်ချထားသည့် အရက်ခွက်ကို တရှိန်ထိုး မော့ချပစ်လိုက်ပါသည်
“ဟေ့!အချစ် ဖြည်းဖြည်းသောက်ပါ"
Kyungsooကိုကြည့်ပြီး Chanyeol အံ့အားသင့်သွားခဲ့ရပါသည်။
ရေမရော ဆိုဒါမပါတဲ့ အရက်ပြင်းကြီးကို တကျိုက်တည်း မော့ချပစ်လိုက်သည် မဟုတ်ပါလား
“ကျွန်တော်ပြန်တော့မယ် ခင်များနေခဲ့ဦးမှာလား Yeol"
“ဘာဖြစ်လို့လဲsooရယ် အခုမှရောက်ခါစပဲရှိသေးတယ်"
Chanyeolက မပြန်ချင်သေးသဖြင့် လေနုလေးနှင့် ချော့လိုက်ပါသည်။
“ခင်များနေချင်နေခဲ့လေ ကျွန်တော်ပြန်နှင့်တော့မယ်"
“ဖြစ်ပါ့မလားsooရဲ့"
“ဖြစ်ပါတယ် Jonginနဲ့ ကားမောင်းပို့ခိုင်းမှာပဲဟာ ဖြစ်ပါတယ်"
“ပြီးရော ပြီးရော ချစ်သဘောပဲ"
Kyungsoo မျက်ရည်ကကျချင်နေပြီ ရင်ထဲမှာ နာလိုက်တာ Kim Jonginနဲ့ Sehunရဲ့ သာယာကြည့်နူးနေကြတဲ့ မြင်ကွင်းကို မျက်စိထဲက မထွက်ပါ
ဦးနှောက်က ငြင်းဆန်နေပေမဲ့ နှလုံးသားက လိုချင်နေတယ် အသိစိတ်က ပြတ်သားနိုင်ပေမဲ့ မသိစိတ်က Kim Jonginအပေါ်မှာ ရစ်တွယ်နေခဲ့တာ သူသိလိုက်ရပါပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူနှင့် Hunရှိရာစားပွဲသို့ လာနေတဲ့ သခင်လေးကို Jonginတွေ့လိုက်ပါသည်။
“Hun!!"
“ဘာလဲကွာ ထပ်ပြီးတော့ မနမ်းနဲ့တော့နော်"
“မနမ်းပါဘူး… လာ! ကျွန်တော့ပေါင်ပေါ်လာထိုင်"
သူခေါ်တော့ sehunက မငြင်းပဲ သူ့ပေါင်ပေါ် လာထိုင်ရှာပါတယ်
Do Kungsoo ခြေလှမ်းတွေက အရက်ရှိန်ကြောင့်လား Kim jonginပေးတဲ့ ဝေဒနာတွေကြောင့်လားမသိ ယိုင်တိယိုင်တိုင် မနည်းအားတင်း၍ ထိုနှစ်ယောက်ထိုင်နေတဲ့ စားပွဲနေရာဆီ လျောက်နေရပါတယ်
သူလာသည်ကိုမြင်မှ Oh Sehunကို ပေါင်ပေါ်ခေါ်ထိုင်နေတဲ့ Kim Jonginက ဘာအထာလဲ
“ဟော! Kyungsooအစ်ကို မှန်နေပြီလား"
Sehunမေးတဲ့အမေးကိုမဖြေဘဲ