Kyungsooနဲ့ Chanyeolလည်း နှစ်ဘက်မိဘများဆီက ခွင့်ပြုချက် ရသည်နှင့် လက်ထပ်ပွဲအတွက် လိုအပ်သည်များ ပြင်ဆင်နေကြရင်း လက်ထပ်မဲ့ရက်က နီးကပ်လာခဲ့ပါသည်။
တအိမ်လုံးကို သန့်ရှင်းရေးလုပ် ဟောင်းနွမ်းနေသည့် အသုံးအဆောင်ပစ္စည်းများအား လဲသင့်တာတွေလဲ ပစ်သင့်တာတွေပစ်နှင့် အလုပ်သမားတွေကို ညွန်ကြားပြသနေရသည်မို့ ကင်ဆိုဟီးတယောက် စိတ်မောလူမောနှင့် ပင်ပန်းနေပါသည်။
ဘယ်လိုပဲ မေတ္တာမရှိမုန်းပါတယ်ပြောပြော ကိုယ်က ဒီမိသားစုရဲ့ အိမ်ကြီးရှင် သခင်မ မဟုတ်လား ဤအိမ်ကြီးကို စီမံခန့်ခွဲဖို့က မိမိတာဝန်ပါ
ဒီရက်ပိုင်းမှာ သားလေးJongin အိမ်ဘက်လာသည်ကိုမတွေ့ရ၍ စိတ်မောလူမော ဖြစ်နေသည့်ကြားမှ စိတ်ပူပန်နေရပါသေးသည်
နေများမကောင်းဘူးလား ထမင်းလာစားတာလဲမတွေ့ဘူး
နာရီကိုလှမ်းကြည့်လိုက်တော့ ညခုနစ်နာရီခွဲတော့မည်။
ခင်ပွန်းဖြစ်သူက ညစာစားပွဲရှိ၍ အိမ်ပြန်နောက်ကျမည်ဟု ဖုန်းဆက်ထားသည် ဟိုမေတ္တတုံးလေးကလည်း သူ့ချစ်သူနှင့် ဖုန်းပြောနေဟန်တူသည် အိပ်ခန်းထဲဝင်သွားခဲ့ပြီ
အိမ်အအခြေအနေကိုကြည့်ပြီး အနောက်ဘက် သားလေးရှိရာ အလုပ်သမားတန်းလျားဆောင်တွေဘက်သို့ တိတ်တဆိတ်ထွက်လာခဲ့ပါတယ်
မီးရောင်မှိန်မှိန်လေးမြင်နေရသည့် တိုက်ပြာပုပုကလေး
တော်သေးတာပေါ့ အလုပ်သမားတန်းလျားဆောင်မှာမဟုတ်ပဲ သီးသန့်တိုက်ပုကလေးမှာ နေစရာစီစဉ်ပေးထားလို့ သူမစိတ်ထဲ နည်းနည်းတော့ကျေနပ်သွားခဲ့ပါသည်။
ခပ်သုတ်သုတ်ပင် တိုက်ပုလေးဆီ ချဉ်းကပ်လိုက်ပါသည်။
အိမ်ထဲမှစကားပြောသံသဲ့သဲ့ကြောင့် တံခါးခေါက်မည့်အရေး လက်တွန့်သွားခဲ့ပါသည်။
“အေ့ သခင်လေးက ပျော်နေတာလား"
အရက်မူးနေသောကြောင့် ပြောနေတဲ့ စကားသံတွေက ဗလုံးဗထွေး
မိခင်ဆိုတော့လည်း ကိုယ့်ရင်မှဖြစ်သည့် သားရဲ့စကားဆိုလိုရင်းကို နားလည်လိုက်ပါတယ်