အချစ်ရက်စက်သည်(3)(Z+U)

1.7K 118 7
                                    

အိပ်ယာအပြောင်းအလဲကြောင့် jonginတယောက် အစောကြီးနိုးလာခဲ့သည်။

မျက်စိကို အတင်းမှိတ်ပြီး ပြန်အိပ်ဖို့ကြိုးစားပေမဲ့ အိပ်လို့မရတော့...

ပြန်အိပ်လို့မရမဲ့တော့မဲ့အတူတူ အိပ်ယာထဲလှဲမနေချင်တော့၍  မျက်နှာသစ် ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်လာခဲ့ပါတယ်

မျက်နှာသစ်ရင်း လန်းဆန်းသွားအောင် တခါတည်း ရေချိုးချလိုက်ပါသည်။ ရေချိုးပြီးသည်နှင့် မနေ့ညက အိမ်တော်ထိန်းကြီး လာပေးထားသည့် ၀တ်စုံကို ၀တ်ထားလိုက်ပါသည်။

ရှပ်အင်္ကျီအဖြူရောင်နှင့် အနက်ရောင် စတိုင်လ်ဘောင်ဘီလေးက သူ၏ကျစ်လှစ်လှပပြီး အဆီပိုဟူ၍တစက်မှမရှိသည့် ခန္ဓာကိုယ်အလှကို ဖုံးကွယ်ရန်မစွမ်းနိုင်ပါ

“ကောင်လေးjongin! နိုးနေပြီလား သခင်လေးက အပြင်သွားစရာရှိလို့ခေါ်ခိုင်းလိုက်တယ်"

နောက်ဆုံးပိတ် လက်စသတ် ခေါင်းဖြီးနေစဉ် အိမ်တော်ထိန်းကြီးက လာခေါ်သဖြင့် သူလည်း အိမ်ကြီးဘက် လိုက်လာခဲ့ပါတယ်

“သခင်လေးအပြင်သွားမှာဆိုတော့ ဦးလေးChenရော လိုက်မှာလား"

သခင်လေးနဲ့ နှစ်ယောက်တည်းသွားရမှာ လန့်နေသဖြင့် ဦးလေးChenမပါမှာ စိုးရိမ်နေမိပါတယ်

“ဒီနေ့ ဦးလေးကိုမခေါ်ဘူး! ပြီးတော့ တခြားနေရာသွားမှာမဟုတ်ပါဘူး Parkစံအိမ်ကိုသွားမှာပါ"

Parkစံအိမ် ဟုတ်လား"

“ဟုတ်တယ်ကောင်လေး! သခင်လေး ချစ်သူရဲ့အိမ်ပေါ့"

“ဘာ!!!!"

“ဟုတ်တယ်လေ! သခင်လေး ချစ်သူရဲ့ အိမ်လေ ဘာဖြစ်လို့လဲကောင်လေး"

ရုတ်တရက် ဦးလေးchenဆီမှ ကြားလိုက်ရသောစကားက သူ့အသိစိတ်ကို အဝေးသို့ ခဏတဖြုတ် မောင်းထုတ်ပစ်လိုက်ပါသည်။

သခင်လေးရဲ့ချစ်သူဆိုတာကို လက်မခံနိုင်သည့်ခံစားချက် လစ်ဟာသွားတဲ့ ရင်ဘတ်တနေရာ တဆစ်ဆစ်အောင့်မျက်သွားတဲ့ နှလုံးသားလေးကြောင့် ပေါက်ကွဲထွက်လာသည့် အာမေဍိတ်အသံက အိမ်တော်ထိန်းကြီးပင် ဘာဖြစ်တာလဲလို့မေးယူရသည်အထိ ကျယ်လောင်သွားခဲ့ပါသည်။

အချစ် ရက်စက်သည်(Z+U)Nơi câu chuyện tồn tại. Hãy khám phá bây giờ