အချစ် ရက်စက်သည်... (8)(Z+U)

1.7K 108 5
                                    

အိမ်မှာဧည့်သည်ရှိနေ၍ Kyungsoo အိပ်ယာမှစောစောထလိုက်ပါသည်။

ကိုယ်လက်သန့်စင် အ၀တ်အစားလဲလိုက်ပြီး မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ပါတယ်

“morning သခင်လေး"

သူ့ကိုမြင်သည်နှင့် Breakfast  ပြင်ဆင်နေသော Kim Jonginက လှမ်းနှုတ်ဆက်ပါသည်။

“Yeolရဲ့ညီလေး အိပ်ယာထတာ တွေ့ပြီလား Kim jongin"

“မတွေ့သေးဘူးသခင်လေး! မနိုးသေးဘူးထင်တယ်"

“ကျွန်တော်နိုးနေပါပြီ Jonginရဲ့! Morning... Kyungsooအစ်ကို"

Sehunက သူ့ကိုနှုတ်ဆက်ရင်း လွတ်နေသည့် ထိုင်ခုံတွင် ၀င်ထိုင်လိုက်ပါသည်။

“morningပါငါ့ညီ! ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"

“အိပ်ပျော်ပါတယ် kyungsooအစ်ကို… ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ရောက်နေတဲ့အတိုင်းပဲ တချိုးတည်း အိပ်ပျော်သွားတယ် အဟင်း…ဟင်း"

“ပျော်ပျော်နေပါ ငါ့ညီ! လိုအပ်တဲ့အကူအညီလည်း အစ်ကို့ကိုပြောပေါ့"

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်kyungsooအစ်ကို… ဒါနဲ့Jonginရော မနက်စာတခါတည်း ၀င်စားလိုက်ပါလား စားပြီးပြီလား"

Sehunရဲ့ Kim jonginအပေါ် ဆက်ဆံမှုက လိုတာထက်ကို အရမ်းရင်းနှီးနေသလိုပဲ သူ့စိတ်ထင်နေတာများလား?

“ရပါတယ်Hun! ကျွန်တော် ခဏနေ သခင်လေးတို့ အစ်ကိုတို့ စားပြီးမှစားပါ့မယ်"

“ဟာ!အဲ့ဒီလို မလုပ်ပါနဲ့Jonginရယ်… လာပါ ကျွန်တော်တို့နဲ့ တခါတည်းစားလိုက်ပါ"

“တော်ပါပြီHunရဲ့ ကျေးဇူးတင်ပါတယ် ကျွန်တော်တို့သခင်လေးက မကြိုက်လို့ပါ"

သခင်လေးမျက်နှာက သုန်မှုန်နေပြီ စိတ်တိုနေမှန်း Jongin သိသဖြင့် ပွင့်ပွင့်လင်းလင်းပဲ ပြောပြပြီး ငြင်းလိုက်ပါတော့သည်။

“ဟွန်း!!Kyungsooအစ်ကိုက အဲ့ဒီလိုကြီးလား? အခုလို ITခေတ်ကြီးမှာ အဆင့်အတန်းခွဲတာတွေ လုပ်နေတုန်းလား လက်ခံနေတုန်းလား အဲ့လိုကြီးတော့ မလုပ်ပါနဲ့ဗျာ"

“Kim jongin!! မင်းကလည်း ရှည်လိုက်တာ ဧည့်သည်က တခါတည်းဝင်စားဆို စားလိုက်ပါလား"

အချစ် ရက်စက်သည်(Z+U)Where stories live. Discover now