အချစ် ရက်စက်သည်...(9)(Z+U)

1.7K 120 11
                                    

Partyပွဲတချိန်လုံး Sehun၏အပွေ့အဖက် အထိအတွေ့ တော်တော်ခံလိုက်ရသဖြင့် Jonginထွက်ပြေးချင်စိတ်ပင် ပေါက်သွားခဲ့ပါသည်။

“လာလေHunနဲ့ Jongin က,ကြရအောင်"

Hunရဲ့ ရည်းစားဟောင်းကလည်း အလိုက်မသိ က'ဖို့လာခေါ်နေပြန်ပါပြီ

“လာ! သွားက,ရအောင် Jongin"

“ဟင့်အင်း! ကျွန်တော်မကချင်ဘူး! Hunတို့ပဲ သွားက,ကြပါ"

ဟုတ်တယ်လေ သူ့တစ်ကိုယ်လုံးလည်း Oh Sehun လက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကျေနေပြီ နောက်ထပ်သာ လိုက်က,ရဦးမယ်ဆိုရင်တောဖြင့် မတွေးရဲတော့

“အဲ့ဒါဆို Jongin ဒီမှာခဏစောင့်နေဦးနော် နာရီဝက်လောက်နေပြီးမှ ပြန်ကြတာပေါ့"

“ရပါတယ် ဖြည်းဖြည်းဆေးဆေးနေပါ"

Sehunက သူ့ခေါင်းကို ဖွဖွလေး ပုတ်သွားပြီး သီချင်းသံဖြင့် က,နေကြသော တခြားသူငယ်ချင်းတွေဆီ သွားလိုက်ပါတော့သည်။

Jonginလည်း ပျင်းပျင်းရှိသည်နှင့် သူ့ရှေ့တွင်ချထားသော အရက်ခွက်ကို တစိမ့်စိမ့် အရသာခံသောက်နေလိုက်ပါတော့တယ်

ထိုစဉ် သူ့အိတ်ကပ်ထဲတွင် ထည့်ထားသည့် ဖုန်းရဲ့ တုန်ခါမှုကြောင့် ထုတ်ပြီး ကြည့်လိုက်ပါသည်။

||ချစ်ရတဲ့ D.K.S||

သခင်လေးဆီက ဆက်သောဖုန်း ဖြစ်သောကြောင့် ဆူညံသံတွေနှင့် ဝေးရာ သန့်စင်ခန်းဘက်သို့ ထွက်လာပြီး ဖုန်းကိုင်လိုက်ပါတယ်

ဖုန်းကိုင်လိုက်တယ်ဆိုရင်ဖြင့်

“Kim jongin အခုချက်ချင်း အိမ်ပြန်လာခဲ့!!!"

သခင်လေး ဘယ်လောက်ထိ စိတ်တိုဒေါသထွက်နေသလဲဆိုတာ အသံကြားရုံနှင့်ပင် သူခန့်မှန်းလို့ရနေပါတယ်

“ဟုတ်____ဟုတ်ကဲ့ပါ သခင်လေး နောက်ထပ်နာရီဝက်လောက်နေရင် ပြန်တော့မယ်လို့ Hunကပြောပါတယ်"

“တိတ်စမ်း နောက်ထပ်နာရီဝက် ဟုတ်လား? အခုပဲ ညဆယ့်နှစ်နာရီရှိနေပြီ မင်းတို့ထွက်သွားတာ မနက်ဆယ်နာရီလောက်ကတည်းကလေ"

“ဟုတ်ပါတယ် သခင်လေးရယ် အိမ်ရောက်မှ ကျွန်တော်ရှင်းပြပါ့မယ်"

အချစ် ရက်စက်သည်(Z+U)Where stories live. Discover now