“မင်းထွက်သွားတော့ Kim Jongin"
ကုတင်အစွန်းတွင် ကျောခိုင်းထိုင်ပြီး သူ့ကို ထွက်သွားခိုင်းနေတဲ့ သခင်လေးကို သူနားမလည်နိုင်တော့
“သခင်လေး ကျွန်တော်!!"
“တော်တော့ Kim Jongin!! ငါဘာမှမကြားချင်ဘူး အခုဖြစ်တဲ့ကိစ္စမှာလည်း ငါ့စိတ်ကို ငါအလိုလိုက်လိုက်တာပဲရှိတယ် မင်းအပေါ်မှာ တခြားဘာခံစားချက်မရှိဘူး! အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး အထင်မှားမနေနဲ့! မင်းအခန်းမင်းပြန်တော့ တယောက်ယောက်တွေ့သွားလည်း မကောင်းဘူး!! မင်းထွက်သွားတော့…"
Jonginလည်း ဘာစကားမှမပြောတော့ပဲ အင်္ကျီအ၀တ်အစားများကို ကောက်ဝတ်လိုက်ပြီး
“ကျွန်တော့ကို ခွင့်ပြုပါဦး သခင်လေး…"
တချက်ကလေးမှ လှည့်မကြည့်တဲ့ သခင်လေးကို သူခွင့်တောင်းလိုက်ပြီး အခန်းပြင်ထွက်ရန် တံခါးဆီသို့အလှည့်
“ဒီနေ့ဖြစ်ပျက်ခဲ့သမျှကိစ္စကို မေ့လိုက်ပါ…"
“ဘာဖြစ်လို့လဲ"
“ငါ့ကိုပြန်မမေးပါနဲ့ တခြားဘယ်သူ့ကိုမှလည်း မပြောပါနဲ့"
သခင်လေးရဲ့ စိတ်သဘောထားကို ရိပ်မိစပြုလာခဲ့ပါသည်။
“ကျွန်တော့ကို ဖြေဖျော်ရာအဖြစ် စိတ်ဖြေရုံသက်သက် သဘောထားလိုက်တာလား သခင်လေး"
“မင်းနဲ့ငါ့ရဲ့ကြားမှာ သတ်မှတ်ချက်အသုံးပြုစရာ ဒီစကားတခွန်းပဲ ရှိတော့တယ်ဆိုရင်တော့ ငါ့ဘက်က ဟုတ်တယ်လို့ပဲပြောရမှာပဲ"
“ကျွန်တော့ကို တခြားပြောစရာရှိသေးလား"
“သွားလို့ရပြီ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိုးလင်းသည်နှင့် မနက်စာစားရန် အောက်ထပ်သို့ Sehun ဆင်းလာခဲ့ပါတယ်
အိမ်ကြီးက အရင်ရက်များနှင့်မတူပဲ ခြောက်သွေ့တိတ်ဆိတ်လို့နေပါတယ်
မနက်စာ ထမင်းဝိုင်းလေးကလည်း ဒီနေ့မှ ပိုပြီးခြောက်ကပ်နေသလို
“Jongin စားပြီးသွားပြီလား"
တိတ်တိတ်ဆိတ်ဆိတ် ခြောက်ခြောက်ကပ်ကပ်ကြီး မနေတတ်သည့် Sehunက စကားစပြောလိုက်ပါသည်။