အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​ အပိုင်း(၉)

2.5K 122 2
                                    

သွေး pov:
ကျွန်​​တော်​တို့ အိမ်​ပြန်​​ရောက်​​တော့ ၆.နာရီ ခွဲ​နေပြီ။ကျွန်​​တော်​ထမင်းစားချင်​စိတ်​လည်းမရှိဘူး။ အခန်းထဲ​အောင်း​နေတာ ဘယ်​​လောက်​ကြာပြီလည်းမသိ ဘူး။ ငထက်​လာ​ခေါ်မှ သတိဝင်​လာတယ်​။ ​ဖေ​ဖေက​ခေါ်ခိုင်း​လိုက်​လို့လာ​ခေါ်တာတဲ့။ ​ဖေ​ဖေ ဘာ​ပြောမလို့လည်း မသိဘူး။ ကျွန်​​တော်​လည်း ​အောက်​ထပ်​​အောက်​​တော့ ​ဖေ​ဖေ မျက်​နှာ မ​ကောင်းဘူး ဘာဖြစ်​လို့ပါလိမ့်​။

သွေး  "​ဖေ​ဖေ သားကို​ခေါ်တယ်​ဆို ဘာ​ပြောမလို့လည်း"

ဖေ​ဖေ.  "ခုနက သမီး​မေ လာသွားတယ်​သား။ လာမဲ့ ဗုဒ္ဓဟူး ​နေ့ သမီး​မေရဲ့ ​စေ့စပ်​ပွဲ လာဖိတ်​ သွားတယ်​ သား" ကျွန်​​တော်​နားကြားမှားတာလား မမ က ​စေ့စပ်​​တော့မယ်​။ ဒါဆို "ဟာဗျာ မမ ရက်​စက်​တယ်​။ ကျွန်​​တော်​ကို  ငြင်းပြီး ချက်​ချင်း ကြီး မမ ဗျာ လုပ်​ရက်​တယ်​။ " ကျွန်​​တော်​ စိတ်​ထဲမှာဘဲ​ပြော​နေတယ်​။ ပါးပြင်​​ပေါ်မှာ မျက်​ရည်​​တွေ တသွင်​သွင်​ စီးကျ​နေပြီ။

ဖေ​ဖေ. "သား သမီး​မေ ကို ချစ်​​နေတယ်​ဆိုတာ ​ဖေ​ဖေ သိပါတယ်​ သားရယ်​။ အခု​တော့် သမီး​မေ ကို ​မေ့နိုင်​​အောင်​ ​မေ့လိုက်​ပါသားရယ်​။"

မေ​မေ. "သား မငိုပါနဲ့။ သားနားမှာ ​မေ​မေ တို့​ဖေ​ဖေတို့ရှိတယ်​။ သားသူငယ်​ချင်း​တွေလည်းရှိတယ်​။ တ​နေ့ကျရင်​ ​မေ့သား​လေးရဲ့ ဖူးစားရှင်​ က​ အလိုလို သား​ရှေ့ကို ​ရောက်​လာမှာပါ သားရယ်​။" ကျွန်​​တော်​​မေ့​မေ့ ရင်​ခွင်​ထဲမှာ က​လေးတစ်​​ယောက်​လို ငို​နေ​တော့တယ်​။ငထက်​ကလည်း ကျွန်​​တော့်​ကို နှစ်​သိမ့်​​ပေးရှာတယ်​။ ကျွန်​​တော်​ကား​သော့ယူပြီး ငထက်​နဲ့ အတူတူ Bar သို့ ထွက်​လာ​ခဲ့သည်​။

သခင်​ pov:
ည​နေက ကျွန်​​တော်​တို့ ကန်​​တော်​ကြီး မှာ က​လေးကို ​တွေ့ခဲ့တယ်​။ က​လေးက ဟိုမျက်​နှာ မျက်​နှာကို တည့်​တည့်​ကြည့်​ပြီး ဘာ​ပြောလိုက်​တာလည်း။ ပြီး​တော့ က​လေးမျက်​နှာ ပျက်​သွားတာ​တွေ့လိုက်​တယ်​။ ခန​နေ​တော့ ဟိုမိန်းမကို ​ကောင်​​လေးတစ်​​ယောက်​က လာ​ခေါ်သွားတယ်​။လက်​ချင်းတွဲပီး​တော့ ထွက်​သွားတယ်​။ ဘာ​တွေလည်း။ က​လေးကိုကြည့်​​တော့ ငိုပြီး လှည့်​ထွက်​သွားတာ​တွေ့လိုက်​တယ်​။ဘက​လေးကို ငို​အောင်​လုပ်​တဲ့လူကို သတ်​ပစ်​ချင်​လိုက်​တာ။ က​လေးငို​တော့ ကျွန်​​တော့်​ဘယ်​ဘက်​ခြမ်းက ​အရမ်း​အောင့်​ပြီးနာတယ်​ဗျာ။ ကျွန်​​​တော်​တို့ အိမ်​ပြန်​​ရောက်​ပြီး ခနနား​ရေချိုးပြီး​တော့ ငသုတို့ရဲ့ ချစ်​သူသက်​တမ်း ၅ လပြည့်​ မှာ တစ်​ဝိုင်းအ​နေနဲ့ ကျွန်​​တော်​တို့ စား​သောက်​ဆိုင်​ ကိုထွက်​လာကြတယ်​။စား​သောက်​ဆိုင်​ဆို​ပေမယ့်​ အစုံရပါတယ်​။ အကင်​ ဘီယာ အရက်​ စသဖြင့်​​ပေါ့။ စား​သောက်​ဆိုင်​က Bar နဲ့တွဲဖွင့်​ထားတာကို။ ကျွန်​​တော်​တို့ စား​သောက်​စရာ​တွေ မှာပြီး ဟိုကြည့်​ဒီကြည့်​လုပ်​​နေတုန်း က​လေးကို​တွေ့လိုက်​တယ်​။ ဘယ်​​လောက်​​တောင်​​သောက်​​နေလည်း မသိဘူး။ဘေးက သူ့သူငယ်​ချင်းက မနည်းတားထားရတယ်​။ ကျွန်​​တော်​ ငဇွဲကိုဘဟိုမှာကြည့်​လိုက်​လို့​ပြော​တော့ ငဇွဲ အံ့သြသွားရတယ်​။

အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​Where stories live. Discover now