ဇွဲ pov :
ကျွန်တော်တို့ ကလေးချိန်းတဲ့ဆိုင် ကို ရောက်နေကြာပြီ အခုထိ တစ်ယောက်မှ စကားမပြောကြသေးဘူး။ဇွဲ "ကလေး ကိုတို့ကို ဘာပြောစရာရှိလို့လည်း" ကျွန်တော်မေးလိုက်တော့ သူ့သူငယ်ချင်းက
ဟိန်း "ကျွန်တော် ကိုနေသခင်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်။ "
ထက် "Oki ငါ ဟိုဘက်ဝိုင်းမှာ သွားထိုင်နေမယ်။"
ကျွန်တော် ဝိုင်းက ထလာပြီ အခုထိ ဟိုလူကြီး ထမလာသေးဘူး။ အမြင်ကတ်လိုက်တာနော်ထက် "ဟိုလူကြီး ထမလာဘံ ဘာလုပ်နေတာလည်း။ လာခဲ့" ကျွန်တော်ခေါ်မှဘဲ ထလာတော့တယ်။
ဟိန်း "ကိုနေသခင်ကို ကျွန်တော်မေးပါရစေ။"
သခင် "မေးပါညီ။ အကို ဖြေနိုင်သလောက်ဖြေပေးမယ်"
ဟိန်း " အစ်ကို သွေးကို တကယ်ချစ်တာလား"
သခင် "ဟုတ်တယ်။ အကို သူ့ကို တကယ်ချစ်ဆာ။ သူကြောင့် အကို နောက်ထပ် မိန်းကလေးတွေနဲ့ မရှုပ်တော့ဘူး။ အရင်လို မဆိုးတော့ဘူး။ အကို သွေးကို တကယ်ချစ်လို့ ဆုံးရှုံးရမှာလည်း အရမ်းကြောက်တယ်ညီ"
ဟိန်း "အကို သူ့ကို တကယ်ချစ်တယ်ဆို ဘာလို့ ဒီလိုတွေ လုပ်ရတာလည်း။ အကို့အချစ်က အတ္တဆန်တယ်။ ကိုတကယ်ချစ်ရင် သူ့ကို စိတ်ချမ်းသာအောင်ထားရမယ်လေ။ အခု သွေး ဘာဖြစ်နေလည်း သိလား"
သခင် ".........."
ဟိန်း "ခင်ဗျားက တစ်ကိုယ်ကောင်းသမားဘဲ။ မနေ့ညက သွေး ရေပန်းအောက်မှာ ၄ နာရီတိတိ ထိုင်ခဲ့တယ်။ အခုမနက် ကျွန်တော်တို့နဲ့ စကားပြောပြီး ကျွန်တော့် လက်ပေါ်တွင် သတိလစ်သွားခဲ့တာဗျ။ အကို သွေးကို လက်လျော့ပေးပါလား။ ကျွန်တော် တောင်းပန်ပါတယ်။"
သခင် "Sorry ဘဲညီ ။ အကို သွေး ကို အရမ်းချစ်သွားတာ။ အဲ့အတွက် အကို လက်မလျှော့ဘူး။ သူ့ကို စွန့်မလွှတ်နိုင်ဘူး။ ကလေး နေမကောင်းတာတော့ အကို တကယ်စိတ်မကောင်းဘူး။" ကလေးနေမကောင်းဘူးတဲ့လား ကလေးရယ် ကိုယ့်ကြောက့်ပါ။ ဒါပေမယ့် ကလေးကို ကို အဆုံးရှူံးမခံနိုင်ဘူး။ ကလေး ရယ်။ အရမ်းချစ်တယ်။
ကျွန်တော်ပြောတော့ ကောင်လေးဒေါသထွက်ပြီး