ဟိန်း pov:
ကျွန်တော် မြန်မာပြည် ပြန်ရောက်ရောက်ချင်း ငသွေး အိမ်ကို အမြန်သွားရတယ်။ ငသွေးရဲ့ အကြောင်းစုံကို ငထက်က ရှင်းပြတယ်။ ကျွန်တော် သက်ပြင်းဘဲချမိတော့တယ်။ ငသွေး ကတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ငိုနေတယ် ဆိုတာ ကျွန်တော်တို့ သိတာပေါ့။ ကျွန်တော်နဲ့ ငထက် သွေး နားကို သွားပြီး ဖက်ထားတော့ ကျွန်တော်တို့ လက်ပေါ်တွင် သတိလစ်သွားတယ်။ဟိန်း "ဟာ!! သွေး သတိထားအုံးလေ။ ထက် အန်ကယ့်ကို သွားခေါ်ချည်း။ သွားမြန်မြန်။"
ထက် "အေးအေး ငါ ..ငါ သွားခေါ်လိုက်မယ်"ကျွန်တော်တို့တွေ ပြာပြာသလဲ ဖြစ်သွားရတယ်။ ကျွန်တော် သွေးကို ကုတင်ပေါ် တင်ပေးထားပြီး နဖူးပေါ် စမ်းကြည့်တော့ အိုး ကိုယ်တွေ ပူနေတာဘဲ။ ငါ့သူငယ်ချင်း သနားပါတယ်။ ငါ နေသခင်နဲ့ တွေ့ကြည့်ရမယ်။ ငထက် ဆီမှာ ph noရှိလားမသိဘူး။ ခနနေတော့ ငထက်နဲ့ အန်ကယ် ဝင်လာတယ်။ အန်ကယ်က သွေးကို ဆေးထိုးပေးတယ်။ သူ့သား လွမ်းနာကြပြီး ဖျားတယ်ဆိုပြီး ရယ်လိုက်သေးတယ်။ သွေး မေမေကတော့ သူ့သား နဖူးလေးပေါ် ရေစို ဝတ်လေး တင်ပေးနေတယ်။ကျွန်တော် ငထက် ကို အပြင်ခေါ်ထုတ်လာခဲ့တယ်။
ထက် "ဟျောင့် ဘာလည်းဟိန်းရ။"
ဟိန်း "မင်းကို ငါမေး မလို့။ ကိုနေသခင် ph no သိလား။"
ထက် "သိဘူး။ ကိုကို့no ဘဲသိတာ။ မင်း ဘာလုပ်မလို့လည်း။"
ဟိန်း "မင်း ဘယ်က ကိုကိုလည်း?"
ထက် "ကိုဇွဲထက်ပိုင် ကိုပြောတာ"
ဟိန်း "အာဆို ကိုဇွဲဆီ ဖုန်းဆက်လိုက် ကိုနေသခင်ကို ..............အဲ့ကော်ဖီဆိုင်လာခိုင်းလိုက်။ ပြောစရာရှိတယ်လို့။ သွေး အကြောင်းလို့ပြောလိုက်။"
ထက် "Omm ငါအခု ဆက်လိုက်မယ်"
ဇွဲ pov:
ကျွန်တော်တို့ စကားထိုင်ပြောနေတုန်း ကလေးဆီက ဖုန်းလာတယ်။ မနေ့ကတည်းက ကျွန်တော် ဖုန်းခေါ်တာ မကိုင်ဘူး။ အခုတော့ ကလေးဘက်က စဆက်တယ်ဆိုတော့ ဘာများဖြစ်လို့လည်း။ ဘုရား ဘုရား လမ်းခွဲ စကားတော့ မပြောပါစေနဲ့။ ကျွန်တော် ဖုန်းမြန်မြန် ကိုင်လိုက်တယ်။