အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​ အပိုင်း ၂

5.7K 181 1
                                    

သုတ pov:

ကျွန်​​တော့်​အမည်​  "သုတ"ပါ။ကျွန်​​တော်​တို့ အဖွဲ့မှာ ကျွန်​​တော်​က လူ​ကောင်​အ​သေးဆုံး။ခနခနလည်းအစခံရတယ်​။ကျွန်​​တော်​က JJ Fashion ကုမ္ပဏီ ပိုင်​ရှင်​ "ဦးမင်းသုတ+​ဒေါ်သရဖီ"တို့ရဲ့တစ်​ဦးတည်း​သောသားပါ။ ကျွန်​​တော်​မှာ အချစ်​ဆုံးသူငယ်​ချင်း​တွေရှိတယ်​။နေသခင်​၊ဇွဲထက်​ပိုင်​၊ ဖြိုး​အောင်​ခန့်​၊ပိုးသားဖြူ။ပိုးပိုးက ​ဆေး​ကျောင်းတတ်​​နေ​သူ၊ ကျွန်​​တော်​တို့က​တော့ စီးပွား​ရေး ​မေဂျာ​ပေါ့။ ကျွန်​​တော်​တို့က ငယ်​ငယ်​ကတည်းက ခင်​လာတဲ့ သူငယ်​ချင်း​တွေ အဲ့ထဲမှာ ဖြိုး​တော့်မပါဘူး။ ဖြိုးက အထက်​တန်းမှ ကျွန်​​တော်​တို့​ကျောင်းကို​ပြောင်းလာတာ။ အခု ကျွန်​​တော်​နဲ့ ဖြိုးနဲ့က ချစ်​သူ​တွေ ဖြစ်​​နေကြပြီ​လေ။ချစ်​သူတစ်​သက်​လည်း ၅ လပြည့်​​တော့မယ်​။
ကျွန်​​တော်​ အခု ​နေသခင်​အတွက်​ ဟို​ကောင်​​လေး အ​ကြောင်းစုံစမ်း​ပေး​နေရတယ်​။ဖြိုး က​တော့ ​ဘေးက​နေ ပွစိ ပွစိ လုပ်​​နေတယ်​။ သခင့်​ကိုကျိန်​ဆဲ​နေတာ​လေ။သခင်​​တော့နားပူ​နေ​တော့မှာ ​သေချာတယ်​။
သ​ကောင့်​သား ကလည်း မလာနိုင်​​သေးဘူး။ အတန်းလစ်​ပြီး date မလို့ပါဆို​နေမှ။ဘေးမှာ ထိုင်​​နေတဲ့ ကိုယ်​​တော်​ကလည်း မျက်​နှာကိုသုန်​မှုန်​လို့။

ဖြိုး " သု သခင်​ကလည်း ကြာလိုက်​တာ။ အခုထိမလာနိုင်​​သေးဘူး။ ဘာများလုပ်​​နေရတာလည်း။"

သု "ဖြိုးရယ်​ လာမှာ​ပေါ့။ လမ်းပိတ်​​နေလားမှမသိတာ"

ဖြိုး​ပြောသလိုဘဲ ကျွန်​​တော်​လည်းစိတ်​မရှည်​ချင်​​တော့ဘူး။

ဖြိုး "ထားပါ​တော့။ ကိုယ်​တို့ရဲ့ တန်​ဖိုးရှိတဲ့ အချိန်​​လေး​တွေ ကုန်​​တော့မယ်​ ။ သခင်​ သခင်​ မင်းလာမှ​တွေ့မယ်​။"

သု "ဟားဟား ဖြိုးကလည်း​နော်​ စိတ်​ရှည်​ရှည်​ထားပါ။ သူများအကျိုး​ဆောင်​ ကိုယ့်​အကျိုး​အောင်​တဲ့"

ဖြိုး pov:

ကျွန်​​တော်​က "ဖြိုး​သူရ​​ဇော့်​"ပါ။ ကျွန်​​တော့်​က "D&W Cosmetic Company "ရဲ့ အ​မွှေဆက်​ခံသူပါ။ ကျွန်​​တော်​က ရန်​ကုန်​ကပါ။ မန္တ​​လေးကိုလာရတဲ့ အ​ကြောင်းရင်းက မိဘ​တွေ အတွက်​လက်​စား​ချေဖို့ အတွက်​ပါ။ ကျွန်​​တော့်​မိဘ​တွေကို အ​ကောက်​ကြံခဲ့တဲ့ မိသားစု ရဲ့ တစ်​ဦးတည်း​သောသားဖြစ်​သူက အခု ကျွန်​​တော့်​ရဲ့ ချစ်​သူဖြစ်​​နေပြီ။ ကျွန်​​တော်​သူ့မျက်​နှာ​လေးကို မြင်​​နေရရင်​ အကုန်​​မေ့သွားတယ်​။ လက်​စား​တောင်​မ​ချေရက်​ဘူး။ဖြူစင်​ရိုးသားတဲ့ "သု"ကို ကျွန်​​တော်​ကဘယ်​လိုလုပ်​ပြီး လက်​စား​ချေရက်​ပါ့မလည်း။ ​ဖေ​ဖေနဲ့​မေ​မေ သား​တောင်းပန်​ပါတယ်​​။သား သူမရှိရင်​ အသက်​မရှင်​နိုင်​ဘူးဆိုတာ သားသိသွားပါပြီ။

အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​Tahanan ng mga kuwento. Tumuklas ngayon